ညီညီမောင် (စမ်းချောင်း) ဆိုပြီး နာမည်တစ်လုံးနဲ့ ကျော်ကြားအောင်မြင်နေတဲ့ သုသုကတော့ ထူးချွန်တဲ့ မိတ်ကပ်ပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်လို့ အရမ်းကို လူချစ်လူခင် ပေါများလွန်းတဲ့ သုသုတစ်ယောက် ပြီးခဲ့တဲ့ရက်က ဘုရားသွားဖူးပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ အဖြစ်အပျက်တစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။ ဒါကတော့ သုသုနဲ့သူငယ်ချင်းတွေ ရွှေတိဂုံဘုရားကို သွားဖူးမြော်စဉ်မှာ လုံခြုံရေးအမျိုးသမီးရဲ့ စော်ကားပြောဆိုခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဖြစ်ပုံကိုတော့ သုသုက " ဒီနေ့ များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ ရွှေတိဂုံဘုရားသွားတော့ တောင်ဘက်မုဒ်က တက်ပါတယ် သွားနေကျဆိုတော့ ဓါတ်လှေကားစီးတဲ့ အပေါက်ကဝင်ပါတယ် အဲ့မှာစတော့တာပါပဲ။ လုံခြုံရေးမိန်းမက သုကိုမြင်တာနဲ့ နင်လာစမ်း ဖော်ရိန်မ လားတဲ့ မြန်မာလို မြန်မာတယောက်ကိုစော်ကားတာပါပဲ တီရှပ်၊ အင်္ကျီ ၊ဂျင်းဘောင်းဘီအရှည် ဝတ်ထားတာကိုလဲ ထမိန်ချက်ချင်းဝတ်စမ်း တက်လို့မရဘူးလို ရိုင်းစိုင်းစွာပြောပါတယ်။ ပါလာတဲ သူငယ်ချင်းတွေကတော့ ဂျင်းဘောင်းဘီအပြဲပါလို့ ယောကျာ်းလေးမို့ပုဆိုးဝတ်ပေးလိုက်ပါတယ်။ နောက်တယောက်ကလဲ အခြစ်ရာလေးပဲပါတဲ့ ဘောင်းဘီကို မရဘူး ဝတ်ဆိုလို့ စကားနဲရန်စဲ အချင်းမများချင်လို့ဝတ်ပြီး ဘုရားတက်ဖူးဖြစ်ပါတယ်။ ဘုရား ဖူးပြီး ဆင်းလာတော့ သုနဲ့ပါလာတဲ့ သူငယ်ချင်းတွေက ပုဆိုးချွတ်ပေးတော့ အဲ့လုံခြုံရေးမိန်းမပဲ မျက်နာထိမျက်နာထားနဲ့ခေါက်ပေးစမ်း ဆိုပြီး ပြောပါတယ် စကားဆိုတာချိုသာစွာပြောလဲဒီစကားရိုင်းစိုင်းစွာပြောလဲဒီစကားပါပဲ "

"ကိုယ်လဲ ဘာမှတော့မဟုတ်ပေမယ့် ရိုင်းလို့ဒေါသထွက်ပြီး ဂေါပက တိုင်မလို့မေးတော့ အပေါ်ပြန်တက်ရမှာစိုးလို့ပြန်မယ် အလုပ်၊မျက်နာထိမျက်နာထားနဲ့မို့ စိတ်အရမ်းတိုပြီး ပြန်ပြောခဲ့မိပါတယ် ဒေါသလည်းထွက်ပါတယ် မြန်မာလူမျိူး မြန်မာစကားပြောလာတာကို နင်ဖော်ရိန်နာမလားထပ်ထပ်ကာထပ်ကာ ပြောစွပ်ဆွဲပြောတာ အင်မတန်ရိုင်းပါတယ် စိတ်တိုလို ပြန် ရိုင်းစိုင်းစွာပြောခဲ့မိပါတယ်။ ဘုရားပရဝဏ်အတွင်း စိတ်မထိန်းနိုင်ပဲ ဒေါသထွက်ပြန်ပြောမိလို့ စိတ်မကောင်းဖြစ်ရပါတယ်။ မြန်မာလူမျိူးတယောက်အနေနဲ့ ဘုရားလာတာ တီရှပ်၊ ဂျင်းဘောင်းဘီရှည်ဝတ်တာ မရိုင်းဘူးလို့ ကိုယ့်ကိုကိုယ် ထင်ပါတယ်။ အခုဟာက ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲကဲဖြစ်နေတော့ မလိုလားအပ်ပဲ ဒေါသထွက်ရ ကုသိုလ်အရေးလာပါတယ် အကုသိုလ်ဖြစ်ရပါတယ် စိတ်မကောင်းများစွာဖြစ်ရပါတယ်" ဆိုပြီး ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

Source:Nyi Nyi Maung;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။