ပရိသတ်ကြီးရေ.. အောင်မြင်တဲ့ အနုပညာရှင်အဖြစ် ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးကတော့ စံမြန်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဝင့်ယမုံနိုင်ပဲ ဖြစ်ပါတယ်နော်..။

ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကျွမ်းကျင်မှုတွေအပြင် အေးချမ်းတဲ့ အလှတရားတွေကိုပါ ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ ခေတ်ဆန်ဆန်ဖက်ရှင်လေးတွေလိုက်ဖက်ညီသလို မြန်မာဝတ်စုံ ဖက်ရှင်လေးတွေနဲ့လည်း သူမတူအောင် လိုက်ဖက်လွန်းသူပါပဲနော်..။


အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ ပြည်သူ့အသည်းကျော် သရုပ်ဆောင်မင်းသမီးချောလေး သူမကတော့ အခမ်းအနားပွဲတော်တော်များများကိုလည်း တက်ရောက်ဖြစ်နေတာ တွေ့ရပါတယ်နော်..။

လတ်တလောမှာလည်း မန္တလေးမှာ အသစ်ဖွင့်လှစ်လိုက်တဲ့ BKK Silk & Lace ဆိုင်သစ်ဖွင့်ပွဲလေးကိုလည်း အခြားအအနုပညာရှင်များနဲ့အတူ ဂုဏ်ပြုတက်ရောက်ခဲ့တာလည်း တွေ့ရပါတယ်နော်..။


BKK Silk & Lace ဆိုင်သစ်ဖွင့်ပွဲလေးကို အခြားအနုပညာရှင်တွေဖြစ်ကြတဲ့ ခင်လေးနွယ်၊ ယုသန္တာတင်တို့နဲ့အတူ အတူ တက်ရောက်ခဲ့တာဖြစ်ပြီး အခမ်းအနားပွဲတက်ပုံရိပ်လေေးတွကိုလည်း စံမြန်းလေးက ပရိသတ်တွေကို မျှဝေထားပါသေးတယ်..။

မြန်မာဝတ်စုံဖက်ရှင်လေးနဲ့ သူမတူအောင် ကျော့ရှင်းလှပပြီး ဆွဲဆောင်မှုတွေ ရှိလွန်းနေတဲ့ စံမြန်းလေးရဲ့ ချစ်စဖွယ် မဟာဆန်ဆန် ပုံရိပ်လေေးတွကိုတော့ ပရိသတ်တွေကလည်း သဘောကျ အချစ်ပိုနေကြမှာ အမှန်ပါပဲနော်..။

Photo - ဝင့်ယမုံနိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။