ပရိသတ်တွေချစ်ကြတဲ့ ရွှေနှစ်ရွှေစုံတွဲလေးဟာ တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်ကအပျောက်ခံလို့မရအောင် အရမ်းကိုချစ်ကြပြီး သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ထားကြတာပါ။ သူတို့နှစ်ဦးလုံးဟာ ဝါသနာပါရာအနုပညာအလုပ်တွေကို အသီးသီးလုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။ ရွှေမှုံလေးဟာ အလုပ်တွေမအားလပ်တဲ့ကြားကတောင် ချစ်ခင်ပွန်းအတွက် ဇနီးတစ်ယောက်ရဲ့ဝတ္တရားကိုကျေပွန်သူတစ်ယောက်ပါ။ အသက်ငယ်ငယ်နဲ့အိမ်ထောင်ကျခဲ့သော်လည်း ရွှေထူးအပေါ် အိမ်ထောင်ရှင်မကောင်းတစ်ယောက်အဖြစ်ကျေပွန်လွန်းတာကြောင့် ရွှေထူးကအချစ်ပိုနေရတာပါ။ 

သူတို့နှစ်ယောက်လုံးဟာ ဝေဖန်မှုများစွာနဲ့ရင်ဆိုင်ကြုံတွေ့ရသော်လည်း တစ်ယောက်လက်ကိုတစ်ယောက်တွဲကာ ပျော်ပျော်ရွှင်ရွှင်နဲ့ရင်ဆိုင်ဖြတ်သန်းခဲ့ကြတာလည်း ဖြစ်ပါတယ်။ မင်းသမီးချောလေးရွှေမှုံရတီဟာ သရုပ်ဆောင်ပီပြင်ကျွမ်းကျင်ရုံသာမကပဲ အိမ်ထောင်ရှင်မကောင်းတစ်ယောက်အဖြစ် လူတိုင်းအားကျနေရသောအမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အနုပညာကြေးများကိုစုဆောင်းကာ အလှူအတန်းများလည်း ပြုလုပ်လေ့ရှိတဲ့ ချစ်စရာကောင်းလွန်းတဲ့ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ 

သူတို့နှစ်ယောက်သီဆိုထားတဲ့ " အမှား " ဆိုတဲ့သီချင်းလေးဟာလည်း ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ယနေ့ထက်ထိရေပန်းစားနေတာပါ။ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှာလည်း တင်ပေးလေ့ရှိပြီး အခုတစ်ခေါက်မှာလည်း ရဲရင့်တည်ကြည်ပြီး ဆွဲဆောင်မှုရှိလွန်းလှတဲ့ ပုံရိပ်လေးတစ်ပုံကိုတင်ထားတာပါ။ ပရိသတ်တွေချစ်ခင်အားကျရတဲ့ သူတို့နှစ်ယောက်ရဲ့ စုံတွဲပုံရိပ်လေးတွေကိုတင်ဆက်ပေးလိုက်ရပြီး အားပေးပြပါဦးနော်။

Photo - Uncle shwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။