Priyanka Chopra နဲ့ Nick Jonas တို့ဟာဆိုရင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ Nick နဲ့ အသက် ၃၆နှစ်ရှိပြီဖြစ်တဲ့ Chopra တို့ဟာ တနင်္ဂနွေနေ့တုန်းက နယူးယောက်မြို့ပေါ်ကို ညဘက်ထွက်ရှိလို့လာပါတယ်။ သူတို့နှစ်ယောက်ကို ကြည့်လိုက်တိုင်း အမြဲတမ်းလိုလို ပျော်ရွှင်ကြည်နူးနေတာကို တွေ့ရှိရမှာဖြစ်ကာ အားကျဖို့လဲကောင်းတဲ့ ချစ်သူတွေ ဖြစ်ကြပါတယ်။ 

သူတို့နှစ်ယောက်ထွက်လာရတဲ့ အကြောင်းကလဲ အစီအစဉ်တစ်ခုဖြစ်တဲ့ Saturday Night Live အစီအစဉ်ကို Jonas Brothers အဖွဲ့ကဖတ်ကြားခံရတဲ့အတွက် သွားရောက်ခြင်းပဲဖြစ်ပါတယ်။ Jonas Brothers အဖွဲ့ဟာဆိုရင်လဲ ၁၀နှစ်အကြားမှ ပြန်လည်ပေါင်းစည်းတဲ့ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ကာ ယခင်ကထက်ခုချိန်မှာ အားပေးတဲ့ ပရိသတ်တွေဟာ များပြားလို့လာပါတယ်။ Jonas Brothers အဖွဲ့ကိုဖိတ်ကြားထားဖြစ်တဲ့အတွက် Joe Jonas တို့ အတွဲလဲ ပါဝင်ခဲ့ပါတယ်။ 

Joe Jonas ရဲ့မိန်းမကတော့ Hollywood အကျော်အမော်တစ်ယောက်ဖြစ်တဲ့ Sophie Turner ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာဆိုရင်လဲ မကြာသေးခင်ကမှ လက်ထပ်ခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့ မင်္ဂလာဆောင်ဟာဆိုရင် မထင်မှတ်တဲ့အချိန်မှာ ဆောင်တာဖြစ်တဲ့အတွက် အံ့သြတင်ခဲ့ရပါတယ်။ သူတို့နှစ်ယောက် မင်္ဂလာဆောင်ကတော့ မေလ ၁ရက်နေ့က Las Vegas မှာကျင်းပပြုလုပ်သွားတဲ့ Billboard Music Awards ဆုပေးပွဲအခမ်းအနာနဲ့ တပြိုင်တည်း ကျင်းပခဲ့တာဖြစ်ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။