Keanu Reeves ဟာဆိုရင်တော့ Hollywood ရဲ့ Star တွေထဲကမှ Star တစ်ယောက်ဖြစ်တာကို ပရိသတ်ကြီး သိမယ်လို့ထင်ပါတယ်။ သူဟာဆိုရင် ၁၉၈၀ ခုနှစ်က Bill & Ted's Excellent Adventure ဆိုတဲ့ နာမည်ကျော်ကားမှာ Ted အဖြစ် စတင်ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲ့ကားကိုလဲ ရုပ်ရှင်ကြိုက်ပရိသတ်နဲ့ အခြားသော သူများလဲ သိရှိကြမယ်လို့ မျှော်လင့်ပါတယ်။ ယနေ့ချိန်မှာလဲ အဲ့ကားရဲ့အဆက်ကို ပြန်ရိုက်ဖို့ အစီအစဉ်တွေရှိနေပါတယ်။ 

ဒါပေမဲ့ အသက် ၅၄နှစ်ရှိပြီဖြစ်တဲ့ မင်းသားဟာ အချိန်ကြာလာတာနဲ့အမျှ အောင်မြင်ကျော်ကြားမှုကြီးက လှောင်အိမ်ထဲက တိရစ္ဆာန်လို ဖြစ်လာတယ်လို့ ပြောပြခဲ့ပါတယ်။ သူရဲ့အနီးအနားမှာရှိတဲ့ Star Spotter တွေနဲ့မကြာခဏဆိုသလို ပြဿနာတွေဖြစ်လေ့ရှိတာကို ပြောပြပါတယ်။ " ကျွန်တော်မနက်ပိုင်း အိမ်ကနေထွက်လာပြီ သတင်းစာကို ထွက်ယူတယ် အဲ့မှာ သူတို့နဲ့တွေ့တာပဲ.....လှောင်အိမ်ထဲရောက်နေတဲ့ တိရစ္ဆာန်လို့ သင်ခံစားနေရမှာ အမှန်ပါပဲ " လို့ပြောပြခဲ့ပါတယ်။ 

သူကဆက်လက်ပြီး သူရဲ့ Hollywood အိမ်နားမှာ Tourist တွေ ကားတွေနဲ့ စသဖြင့် မကြာခဏဆိုသလိုတွေ့ရှိနေရတာကိုလဲ ပြောပြခဲ့ပါတယ်။ " သူတို့တွေက လူတိုင်းရဲ့အိမ်ကိုလည်ပြီး အပြင်မှာ ထိုင်နေတယ်ဗျ " ဆိုပြီးဆက်လက်ပြောပြခဲ့ပါသေးတယ်။ သူဟာအဲ့အစီအစဉ်မှာ သူအောင်မြင်မှုနဲ့ပတ်သတ်ပြီး ခံစားရတဲ့ အကြောင်းတွေကို ပြောပြခဲ့ပါတယ်။ သူရဲ့ကားဖြစ်တဲ့ Bill and Ted Face The Music ဆိုတဲ့ကားဟာဆိုရင် ၂၀၂၀ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့မှာ ရုံတင်ပြသဖို့ပြုလုပ်ထားပြီး John Wick 3: Parabellum ကတော့ မေလ ၁၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။