စည်ပင်သာယာကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေပါလုပ်ကိုင်လျက်ရှိတဲ့ ထက်ထက်ထွန်းကို သိကြမယ်ထင်ပါတယ်နော်...။ အသက်အရွယ် ငယ်သေးပေမယ့် အနုပညာလမ်းကြောင်းမှာလည်းအောင်မြင်လျက်ရှိပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေမှာလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိတာကိုမြင်တွေ့ရမှာပါ...။ သူမဟာဆိုရင် မြန်မာဝတ်စုံလေးတွေကို အမြတ်တနိုးဆင်မြန်းလေ့ရှိပြီး ကျက်သရေရှိရှိ ရိုးယဉ်စွာ လှပနေတာလည်းဖြစ်ပါတယ်...။

ကြော်ငြာမဂ္ဂဇင်းများနှင့် photo shooting တွေမှာ သူမရဲ့ အလှပုံရိပ်တွေကိုမြင်တွေ့ကြမှာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်ခံရိုက်ကူးလာတာဖြစ်ပါတယ်..။ သိပ်မကြာသေးခင်က ရိုက်ကူးဖို့လက်ခံထားတဲ့ "အပေးအယူ" ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း သူမရဲ့ သဘာဝကျကျ သရုပ်ဆောင်မှုတွေကို စောင့်မျှော်ကြည့်ရှုအားပေးကြရတော့မှာပါနော်..။ ထိုဇာတ်ကားကြီးဟာဆိုရင်တော့... Director Steel ( ဒွေးမေတ္တာ ) နဲ့ Life Photography( life film production ) ကိုလင်းထွန်းတို့မှ ရိုက်ကူးပုံဖော်တာဖြစ်ပြီး ပါဝင်မည့်သရုပ်ဆောင်များဟာဆိုရင်တော့ "အလင်းရောင်၊ ထွန်းကိုကို၊ နေထက်လင်း၊ ဇင်ဝိုင်း၊ သိန်းလင်းစိုး၊ နေရဲ၊ မင်းခန့်ကို၊ အေးမြတ်သူ၊ ရွှေသမီး၊ နန်းခင်ဇေယျာ၊ ရှင်ယွန်းမြတ်၊ ထက်ထက်ထွန်း တို့ဖြစ်ကြပြီး ကလေးသရုပ်ဆောင် နန်းထိပ်ထား နှင့် အခြားသရုပ်ဆောင်များစွာလည်း ပါဝင်ထားပါသေးတယ်...။

ထက်ထက်ထွန်းဟာဆိုရင် ထိုဇာတ်ကားကြီးထဲမှာ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာကြည်နူးနေပြီး ကျေးဇူးတင်စကားလည်းဆိုထားပါသေးတယ်...။ ထက်ထက်ထွန်းဟာ ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ လှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "အပေးအယူ" ရုပ်ရှင်ဇာတ်ကားကြီးကန်တော့ပေးပွဲမှာ မြန်မာဝတ်စုံလေးတွေနဲ့ ရိုက်ကူးခဲ့တဲ့ အလှပုံရိပ်လေးတွေကို သူမရဲ့ official facebook acc တွင် ထုတ်ဖော်ပြသထားတာဖြစ်ပါတယ်..။ Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source Htet Htet Htun 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။