မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ မထက်တစ်ယောက် အရမ်းကိုလှပလွန်းတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။ အမြဲတမ်းအပြုံး လေးကချိုမြနေပြီး ပျော်ပျော်နေတတ်တဲ့ ချစ်စရာကောင်းသူတစ်ယောက်ပါပဲ။ မိတ်ကပ် ပညာကိုလည်း တော်တော်လေး ကျွမ်းကျင်ပြီး ကိုယ်ပိုင်သင်တန်းကိုလည်း ဖွင့်လှစ် ထားပါသေးတယ်။ ပြေပြစ်တဲ့ အချိုးအဆစ်တွေနဲ့ လှပကျော့ရှင်းတဲ့ ခန္ဓာကိုယ်လေး ဟာ တကယ့်အမျိုးသမီးအစစ်တွေတောင် အရှုံးပေးရလောက်အောင် လှလွန်းနေပါ တယ်။

ချစ်ရတဲ့မိသားစုလေးကလည်း သူမနဲ့အတူအမြဲတမ်းရှိနေပြီး ပျော်စရာကောင်းတဲ့အချိန် တွေကို အတူတူဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ တစ်ကိုယ်တည်း အပျိုကြီးအဖြစ်နဲ့ ဘဝကိုအေးအေးလူလူဖြတ်သန်းနေပါတယ်။ သီချင်း MTV တွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး ရုပ်ရှင်ဇာတ်ကားတစ်ကားကိုလည်း ချစ်ခင်ရတဲ့ LGBT ညီမ တွေနဲ့အတူတူ ရိုက်ကူးထားပါသေးတယ်။

ခွဲစိတ်ပြုပြင်ပြီးနောက်ပိုင်းမှာတော့ အရင်ကထက်ပိုပိုပြီးလှလာပါတယ်။ အသံခွဲစိတ်မှု ထိပါပြုလုပ်ထားပြီး သူမက တကယ့်အမျိုးသမီးအစစ်တွေ ထက်တောင် ပိုပြီးလှပ ကျော့ရှင်းကာ ချစ်စရာကောင်းလွန်းနေပါတယ်။ အမိုက်စား Body Shape ကတော့ ပြောစရာမလိုအောင် ပြည့်စုံနေတော့ ကိုကိုပုရိသတို့က ကြွေပြီးရင်ကြွေပေါ့။ ဒီတစ်ခေါက် ပုံတွေကလည်း ပြီးခဲ့တဲ့နှစ်တွေက ရိုက်ထားတာဖြစ်ပေမယ့် လှနေဆဲပါပဲ။

Photo - Hlaing Banyar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။