၂၀၁၄အာရှယူ19ပြိုင်ပွဲကနေပရိသတ်တွေရဲ့အသည်းကျော်ကစားသမားတစ်ယောက်ဖြစ်ခဲ့ရတာကတော့ကွင်းလယ်ကစားသမားကျော်မင်းဦးပဲဖြစ်ပါတယ်။သူကတော့မြန်မာယူ၁၉အသင်းအတွက်တစ်ချိန်ကအားကိုးခဲ့ရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပြီးတိုက်စစ်ထိပံ့ပိုးပေးနိုင်တဲ့အကောင်းဆုံးကွင်းလယ်ကစားသမားဖြစ်ပါတယ်။

သူကတော့ဒဏ်ရာပြဿနာကြောင့်ဘောလုံးလောကမှအနားယူနေခဲ့ရတာအချိန်တော်ကြာခဲ့ပြီဖြစ်ပါတယ်။သူ့ရဲ့ဒဏ်ရာကိုနိုင်ငံခြားထိဆေးကုသခဲ့ပေမယ့်မသက်သာတာကြောင့်ဘောလုံးလောကမှအနားယူပြီလို့တောင်ပြောကြားခဲ့ဘူးတာပါ။ပရိသတ်တွေကလည်းအဆိုပါသတင်းကြောင့်စိတ်မကောင်းတွေဖြစ်ပြီးနှမြောနေရတာပါ။

ဒါပေမယ့်လည်းပရိသတ်တွေရဲ့အားပေးမှုတွေေဘောလုံးအဖွဲ့ချုပ်ရဲ့ထောက်ပံ့မှုတွေကြောင့်ခုမှာတော့ဒဏ်ရာကိုပြန်ကုသဖို့ထိုင်းနိုင်ငံကကျွမ်းကျင်ဆရာဝန်ကြီးတွေနဲ့ကုသနေတာဖြစ်ပါတယ်။ခုမှာတော့မြက်ခင်းစိမ်းတွေပေါ်မှာပြန်မြင်ရဖို့နီးစမ်နေပြီဖြစ်ပြီးခွဲစိတ်ဖို့ဘန်ကောက်ကိုရောက်နေတာဖြစ်ပါတယ်။ပရိသတ်တွေကလည်းစိတ်ပူပြီးဆုတောင်းစကားတွေနဲ့အားပေးနေတာပါ။ပရိသတ်တွေလည်းကျော်မင်းဦးကိုအားပေးစကားတွေနဲ့တူတူမြက်ခင်းစိမ်းတွေပေါ်မှာမြင်ရဖို့အားပေးကြပါဦးနော်။

Source:Kyaw Min Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။