'မုဒြာခေါ်သံ'' ကို ဖန်တီးရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ခရစ္စတီးနာ ခီ တို့ ဇနီးမောင်နှံ နဲ့ ''မီ'' ရုပ်ရှင် ဇာတ်လမ်း ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဏကြီးနဲ့ဇနီး သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု စုံတွဲနှစ်တွဲကို ဂုဏ်ပြုချီးမြှင့်တဲ့ ပြည်သူ့အကယ်ဒမီ ပေးအပ်ပွဲ အခမ်းအနားကို မေလ ၁၂ ညနေပိုင်းက ရန်ကုန်မြို့ ကမ်းနားလမ်းမှာရှိတဲ့ Yangon Innovation Center မှာ ပြုလုပ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့လပိုင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ချီးမြှင့်ခဲ့တဲ့ အကယ်ဒမီ ထူးချွန်ဆု ပေးပွဲမှာတော့ ဒါရိုက်တာ ခရစ္စတီးနား ခီ မောင်နှံ ရိုက်ကူးခဲ့တဲ့ ‘မုဒြာ ခေါ်သံ’၊ ဒါရိုက်တာ ဏကြီး ဖန်တီးခဲ့တဲ့ ‘မီ’ ရုပ်ရှင် ဇာတ်ကားတွေဟာ ဆု ရရှိခဲ့ခြင်း မရှိခဲ့ပါဘူး။ပြည်သူတွေက ပေးအပ်ချီးမြှင့်တဲ့ ပြည်သူ့အကယ်ဒမီနဲ့ အတူ ပေးအပ်တဲ့ ဆုငွေတွေကို ကျန်းမာရေး မကောင်းလို့ ဆေးကုသမှု ခံယူနေရတဲ့ ရုပ်ရှင်လောကသားတွေကို ပြန်လည် လှူဒါန်းသွားမယ်လို့ ခီ ဇနီးမောင်နှံနဲ့ ဒါရိုက်တာ ဏကြီးတို့ ဇနီးမောင်နှံက ပြောပါတယ်။

တည်ကြည်ပြီး မြင်ရသူတိုင်းရဲ့ စိတ်ကိုအေးချမ်းစေတဲ့ ဇဏ်ခီတို့ဇနီးမောင်နှံနဲ့ ဒါရိုက်တာ ဏကြီးတို့ ဇနီးမောင်နှံရဲ့ ကြည်နူးစရာပုံလေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ခီ ဇနီးမောင်နှံနဲ့ ဒါရိုက်တာ ဏကြီးတို့ ဇနီးမောင်နှံရဲ့ ဆုရရှိခဲ့လို့ ပျော်ရွှင်နေတဲ့ ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

source: bbc 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။