ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ဘေဘီမောင်ကတော့ အနုပညာလောကမှာ အောင်မြင်တဲ့ မင်းသမီးအဖြစ် ရပ်တည်နေသလို သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။ချစ်သူဖြစ်တဲ့ အဆိုတော်ချောလေး သားဂန်းနဲ့အတူ ကြည်နူးအားကျစရာကောင်းလောက်အောင် ရိုမန်တစ်ဆန်တဲ့ ကြည်နူးစရာပုံရိပ်လေးတွေနဲ့လည်း ချစ်ပရိသတ်တွေရဲ့ အမြင်အာရုံတွေကို ဖမ်းစားတတ်ကြသူတွေဆိုလည်း မမှားပါဘူးနော်။

အချစ်ရေးမှာလည်း ရိုမန်တစ်ဆန်တဲ့ အချစ်ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အမြဲအားကျကြည်နူးစေတဲ့ စုံတွဲလေးဆိုလည်းမမှားပါဘူးနော်။တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး လိုက်ဖက်ညီလွန်းတဲ့ သူတို့စုံတွဲလေးကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုလည်း အခိုင်အမာရရှိထားကြသူတွေလည်း ဖြစ်ပါတယ်။လတ်တလောမှာတော့ စင်ပေါ်မှာ သီချင်းတွေကို အမိုက်စားသီဆိုကပြဖျော်ဖြေနေတဲ့ ဗီဒီယိုလေးကို ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးထဲမှာ သီချင်းတွေဆိုပြသွားတာအရမ်းနားထောင်ကောင်းသလို ချစ်ဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။

ကိုယ်ခန္ဓာ အမိုက်စားလေး ပိုင်ဆိုင်ထားတာကြောင့် ဘယ်ဝတ်စုံနဲ့ မဆို လိုက်ဖက်ကာ စမတ်ကျကျလေး လှနေတာလေးကလည်း သူမရဲ့ လှပမှုလျှို့ဝှက်ချက်လေးပဲဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း ဘေဘီမောင်ရဲ့ ဗီဒီယိုလေးကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။အနုပညာလုပ်ငန်းတွေလည်း ဒီထက်မကအောင်မြင်မှုရရှိပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Source:Baby Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။