ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားပြီး မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားတဲ့ သရုပ်ဆောင်မင်းသားချောတွေထဲမှာ အောင်ရေချမ်းကလည်း အပါအဝင်ပါပဲ..။

ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချော အောင်ရေချမ်းကတော့ MRTV-4 ရုပ်သံဇာတ်ကားတွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ထားပြီး “ပျားရည်အိုင်” “ကျွန်မက မဟေသီ” ဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားသူပဲ ဖြစ်ပါတယ်နော်..။


ပြည်သူချစ်တဲ့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို အောင်ရေချမ်းရဲ့ အချစ်ရေးလေးကိုလည်း ပရိသတ်တွေတော်တော်များများက စိတ်ဝင်တစားစောင့်ကြည့်နေကြပြီး အောင်ရေချမ်းကလည်း ချစ်သူကောင်မလေးရှိတဲ့အကြောင်းလေးကို ပရိသတ်တွေကို တရားဝင်အသိပေးပြောပြထားပါတယ်နော်..။

အောင်ရေချမ်းရဲ့ ချစ်သူကောင်မလေးကတော့ အလှအပရေးရာ ဆရာဝန်မလေးတစ်ဦးဖြစ်ပြီး ချစ်သူသက်တမ်းသုံးနှစ်ကျော် လက်တွဲလာခဲ့တဲ့ သူတို့စုံတွဲလေးဟာ အခုလက်ရှိမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ချစ်သူနှစ်ဦး လမ်းခွဲလိုက်ပြီဆိုပြီး သတင်းတွေ ထွက်ရှိလာခဲ့ပါတယ်..။


ပြီးခဲ့တဲ့ မေလ(၁၂)ရက်နေ့ နေ့လည်ပိုင်းမှာ အောင်ရေချမ်းရဲ့ ချစ်သူဆရာဝန်မလေးဖြစ်တဲ့ ခင်မြတ်မွန်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ အောင်ရေချမ်းနဲ့ သူမတို့စုံတွဲလေး လမ်းခွဲလိုက်ပြီဆိုတဲ့အကြောင်းနဲ့ လမ်းခွဲလိုက်တဲ့အကြောင်းအရင်းလေးကိုလည်း အသိပေးပြောပြထားတာ တွေ့ရပါတယ်..။

“AYC နဲ့ လုံးဝပြတ်သွားပါပြီ

မနာလိုသူ, သဘောမတူသူ, ကြည့်မရသူများအားလုံး ပျော်ရွှင်ကြပါစေ အကုန်လုံးရဲ့ဆုတောင်းလေးတွေပြည့်ပြီပေါ့နော် လာမမေးကြပါနဲ့ ပြန်မဖြေပါနော်..” ဆိုပြီး မေလ(၁၂)ရက်နေ့ နေ့လည်ပိုင်းက အသိပေးပြောပြထားပြီး လမ်းခွဲရတဲ့ အကြောင်းအရင်းလေးကို

“သူ့ဘက်ကကြည့်တော့ သူမှန်တယ်, မွန့်ဘက်ကကြည့်တော့ မွန်မှန်တယ်ထင်လို့ လမ်းခွဲခဲ့တာပါ

ထင်ချင်ရာထင် နာချင်ရာလည်းနာကြပါ လူဆိုတာကိုယ့်အတွေးနဲ့ကိုယ်ပဲလေ

လျှောက်နေကြတဲ့လမ်းချင်းမတူတော့ အတွေးအခေါ် အယူအဆချင်းလဲမတူညီဘူးလေနော်

ဒီဆုံးဖြတ်ချက်ကိုပျော်လွန်းလို့ ဆုံးဖြတ်ခဲ့တာမဟုတ်ပါဘူး

လာဆဲလည်း ပြန်ဆဲဖို့ အားအင်လည်းမရှိပါဘူးနော်

အားလုံး ကျန်းမာ ချမ်းသာကြပါစေ..” ဆိုပြီး ဒီကနေ့ မနကပိုင်းမှာ ရင်ဖွင့်ပြောပြထားတာပဲ ဖြစ်ပါတယ်..။

Photo - အောင်ရေချမ်း၊ Jessica Mon

Photo - အောင်ရေချမ်း၊ Jessica Mon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။