အဆွေးသီချင်းများသာမကပဲ အမြူးသီချင်းလေးတွေကိုပါ ကိုယ်ပိုင်သံစဉ်များနဲ့ရေးသားသီဆိုသူကတော့ အဆိုတော် X Box ပဲ ဖြစ်ပါတယ်။ သူ့ရဲ့သီချင်းလိုလိုတိုင်းဟာလည်း ပရိသတ်တွေရဲ့အပြည့်အဝလက်ခံအားပေးမှုကို ရရှိထားသူတစ်ဦးဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ သူဟာ လက်ရှိမှာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲအဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူဖန်တီးသီဆိုတဲ့ သီဆိုတဲ့တေးသီချင်းလေးတွေဟာလည်း အမျိုးသမီးပရိသတ်တွေကြားမှာ အရမ်းရေပန်းစားလှသလို ပရိသတ်တွေပေးထားတဲ့ အဖူးဆိုတဲ့ ချစ်စနီုးနာမည်လေးကိုလည်းရရှိထားသူလေးတစ်ဦးပဲဖြစ်ပါတယ်။

X Box ဟာ လတ်တလောမှာလည်း " ချော့ " ဆိုတဲ့ သီချင်းလေးကို သူ့ရဲ့လူမှုကွန်ယက်မှာတင်ထားတာပဲ ဖြစ်ပြီး ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ပါ။ လက်ရှိမှာလည်း သီချင်းအသစ်များလည်း ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ကိုယ်တော်အခွေထွက်ရှိနိုင်အောင်လည်း ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ 

ပွဲအခမ်းအနားတွေလည်း တက်ရောက်လေ့ရှိတဲ့ x box တစ်ယောက် မနေ့ကကျင်းပခဲ့တဲ့ ပွဲအခမ်းအနားတစ်ခုမှာ သူ့ရဲ့မိန်းကလေးပရိသတ်တစ်ယောက်ရဲ့အနမ်းခြွေချင်းကိုခံလိုက်ရတာပဲ ဖြစ်ပါတယ်။ ကောင်မလေးတစ်ယောက်ရဲ့အနမ်းခြွေခြင်းကိုခံလိုက်ရတဲ့ X BOXကတော့ ရှက်ပြီး မျက်နှာတွေနီရဲနေတာပါ။ ဒီဗီဒီယိုလေးကို သူ့ရဲ့Instagram myday လေးမှာတင်ထားတာပဲ ဖြစ်ပြီး ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - X Box 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။