ဇာတ်လမ်းတွဲမင်းသမီးလေးအဖြစ် ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရယူပိုင်ဆိုင်နိုင်ခဲ့တဲ့ မေမြင့်မိုရ်က အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ မနားတမ်း ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို သဘာဝကျကျ ဖန်တီးပုံဖော်ပေးနိုင်တဲ့ မေက ခေါင်းဆောင်မင်းသမီးအဖြစ်ပါ ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တစ်ခြား ပိုပိုပြီး လှပလာတဲ့ မေရဲ့အလှကြောင့်လည်း ပုရိသတွေရဲ့ ရင်ခုန်သံတွေ မြန်ဆန်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မေက " ပျောက်ဆုံးနေသော အမှန်တရား" ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို အောင်မြင်စွာ ရိုက်ကူးပြီးစီးခဲ့ပြီး " ဇာတ်လိုက်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဆက်လက်ရိုက်ကူးမှာ ဖြစ်ပါတယ်။ ဒီနေ့မနက်စောစောမှာတော့ ရွှေတိဂုံဘုရားရင်ပြင်တော်မှာ "ဇာတ်လိုက်" ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပြုလုပ်ခဲ့ပြီး အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။ မြန်မာဝတ်စုံလေးနဲ့ ဇာတ်ကားကန်တော့ပွဲကို တက်ရောက်လာတဲ့ မေက အရမ်းကို ကျက်သရေရှိပြီး အလှတိုးနေတာလည်း တွေ့ရပါတယ်။

အခုလည်း မေက " 'ရိုးမပေါ်ကျတဲ့မျက်ရည်' ဝတ္ထု True Story ကို ဒါရိုက်တာကိုပေါက်က 'ဇာတ်လိုက်' ရုပ်ရှင်ကားအဖြစ် ရိုက်ကူးပုံဖော်မယ့်ကန်တော့ပေးပွဲနဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲ" ဆိုပြီး ပုံလေးတွေကို မျှဝေပေးထားပါတယ်။ ဒီဇာတ်ကားကြီးမှာတော့ ဝါရင့်သရုပ်ဆောင်များစွာနဲ့ တက်သစ်စ အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မေမြင့်မိုရ်နဲ့ အနုပညာရှင်တို့ရဲ့ပုံရိပ်လေးတွေကို တင်ကဆက်ပေးလိုက်ပါတယ်နော်။

Source:May Myint Mo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။