မိန်းမပျိုလေးတွေကြားမှာ နာမည်ကြီးနေသူလေး တိုင်ရွန်ကတော့ ယခုမှာ ချစ်ပရိသတ်တွေရဲ့ အချစ်ကိုအပြည့်အဝရရှိထားတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သီချင်းဗီဒီယိုတွေနဲ့ ကြော်ငြာတွေရိုက်ကူးလေ့ရှိသလို သရုပ်ဆောင်တစ်ဦးအဖြစ်လည်း ဇာတ်ကားတွေ ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ သူကတော့ ဆယ်ကျော်သက် မိန်းကလေးတွေ သည်းသည်းလှုပ် အားပေးခံရသူလေးလည်းဖြစ်ပါတယ်။

တက်တူးအမိုက်စားနဲ့ အမြဲဖက်ရှင်ကျနေတတ်တဲ့ တိုင်ရွန်ကိုတော့ ပရိသတ်ကြီးသိမယ်ထင်ပါတယ်။ ကိုရီးယားမင်းသားတွေ ရှုံးလောက်တဲ့ ရုပ်ရည်နဲ့ body အမိုက်စားကလည်း ပျိုမေတွေရဲ့ အသည်းကျော်အဖြစ် နာမည်ကြီးအောင်မြင်နေသူ ဖြစ်ပါတယ်။သူကတော့ အနုပညာအလုပ်တွေ ဇာတ်တိုက်လုပ်ကိုင် နေတာဖြစ်ပြီး သူရဲ့ အနုပညာ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ မော်လမြိုင်မြို့မှာ ကျင်းပပြုလုပ်တဲ့ Mobile Legends 515 unite day ပွဲလေးက ပရိသတ်တွေနဲ့ အမှတ်တရပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

ပရိသတ်တွေ အများကြီးနဲ့ ပျော်ရွှင်နေတဲ့ ပုံလေးတွေကြည့်ပြီး အပျော်တွေကူးစက်မိတာ အမှန်ပဲဖြစ်ပါတယ်။တိုင်ရွန်ကတော့ အမြဲစမတ်ကျကာ ယောင်္ကျားပီသတဲ့ဖက်ရှင်ဒီဇိုင်းပုံရိပ်တွေကြောင့်ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ချစ်ခင်အားပေးခြင်းခံနေရသူဖြစ်ပါတယ်။ကဲ..ချစ်ပရိတ်သတ်ကြီးတွက် တိုင်ရွန်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။

Source:Tyeon Bejay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။