အသက် (၂၃)နှစ်အောက် ပဏာမ မြန်မာလက်ရွေးစင် အမျိုးသားဘောလုံး အသင်းတွင် ရန်ကုန် ယူနိုက်တက် အသင်းမှ ကစားသမား (၃) ဦး ရွေးချယ်ခံခဲ့ပါတယ်။ အသက် (၂၃) နှစ်အောက် ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းတွင် ရန်ကုန် ယူနိုက်တက် အသင်းမှ ကစားသမားများ ဖြစ်ကြသည့် ဆန်းဆက်နိုင် (ဂိုး)၊ သူရိန်စိုး (နောက်တန်း) နှင့် ကောင်းထက်စိုး (ရှေ့တန်း) တို့ အသီးသီး ရွေးချယ်ခံခဲ့ရပါတယ်။ 

အဆိုပါ ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းကို ကစားသမား ၂၅ ဦးဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှ စတင်ကာ စခန်းဝင် လေ့ကျင့်ကြမည် ဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင် (ယူ-၂၃) အသင်းသည် လာမည့် ဇွန်လ ၇ ရက်နေ့၊ ဗီယက်နမ် နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ချစ်ကြည်ရေး ခြေစမ်းဘောလုံးပြိုင်ပွဲသို့သွားရောက် ယှဉ်ပြိုင်ကစားမည် ဖြစ်ပါတယ်။  

မြန်မာလက်ရွေးအနေနဲ့ ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားတွေကို စနစ်တကျပြုစုပျိုးထောင်ပေးနေတာပဲဖြစ်ပါတယ် ။ မြန်မာလက်ရွေးအနေနဲ့ နောင်လာမယ့် အနာဂတ်မှာ ဆုဖလားတွေ ရရှဖို့ အဖက်ဖက်ကနေ ကြိုးစားလျက်ရှိတာပဲဖြစ်ကာ ချစ်ကြည်ရေး ခြေစမ်းဘောလုံးပြိုင်ပွဲသို့သွားရောက် ယှဉ်ပြိုင်ကစားပြီး ဒေသတွင်းအတွေ့ကြုံရရှိအောင် ပြုလုပ်နေတာပဲဖြစ်ပါတယ်။  

source: Yangon United Football Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။