မြန်မာနိုင်ငံရဲ့သရုပ်ဆောင်မင်းသမီးတွေထဲမှာအမိုက်စားခန္ဓာကိုယ်အလှတွေနဲ့ပရိသတ်တွေကိုဖမ်းစားနိုင်တာကတော့သင်ဇာဝင့်ကျော်ပဲဖြစ်ပါတယ်။သူ့ရဲ့အလှတိုင်းဟာတစ်နေ့တစ်မျိုးကိုရင်ခုန်သံတွေအပြည့်ပေးနိုင်တာဖြစ်ပါတယ်။သူ့ရဲ့ပုံရိပ်လေးတွေကြောင့်လည်းပရိသတ်တွေအမြဲစိတ်ဝင်တစားစောင့်ကြည့်အားပေးခြင်းကိုခံနေရတာဖြစ်ပါတယ်။ 

အပြုံးလေးတွေနဲ့ နှုတ်ခမ်းနီမလေးတွေကိုအပြည့်အဝဆွဲဆောင်ထားနိုင်သူလေးကတော့ မော်ဒယ်မင်းသားချောလေး ပိုင်တံခွန်ပဲ ဖြစ်ပါတယ်။ ကိုရီးယားမင်းသားလေးလို့ထင်မှတ်ရလောက်အောင် တောင့်တင်းလွန်းတဲ့ ခန္ဓာကိုယ်လေးဟာလည်း ကောင်မလေးတွေကြွေနေရတဲ့အချက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ 

အခုမှာတော့ပရိသတ်တွေစိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်တဲ့သင်ဇာဝင့်ကျော်နဲ့ပိုင်တံခွန်တို့ကရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်းတူတူရိုက်ကူးနေတာဖြစ်ပါတယ်။ ခုမှာလည်းပိုင်တံခွန်ကလူမှုကွန်ရက်ကနေသင်ဇာဝင့်ကျော်နဲ့တူတူသွေးတွေပေနေတဲ့ပုံရိပ်လေးကိုတင်လိုက်တာဖြစ်ပြီးပရိသတ်တွေကလည်းအဆိုပါပုံရိပ်လေးတွေကိုစိတ်ဝင်စားနေကြတာပါ။ ပရိသတ်တွေလည်းသင်ဇာနဲ့ပိုင်တံခွန်တို့ရဲ့ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ပုံရိပ်လေးကိုတင်ဆက်ပေးလိုက်ရပါတယ်။

Photo - Paing Takhon 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။