ပရိသတ်ကြီးရေ အကယ်ဒမီခိုင်သင်းကြည်ကတော့ သူမရဲ့ချစ်စရာမိသားစုလေးနဲ့အတူ ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ခိုင်သင်းကြည်ကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လှုပ်ရှားနေပြီး ပရိသတ်တွေရဲ့ အချစ်တော်တစ်ယောက်အဖြစ် ရပ်တည်နေပါတယ်နော်။ခိုင်သင်းကြည်ရဲ့တစ်ဦးတည်းသောသမီးလေး စံထိပ်ထားဦးဆိုလည်း မေမေ့ခြေရာကိုနင်းပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာပါ။ 

ခိုင်သင်းကြည်ရဲ့ချစ်ခင်ပွန်းကလည်း ဇနီးအပေါ်ကို ကြင်နာယုယတတ်ပြီး အရမ်းချစ်တတ်တာကြောင့် မိန်းကလေးတွေအားကျရမယ့် ခင်ပွန်းကောင်းတစ်ယောက်ကိုပိုင်ဆိုင်ထားတာပါနော်။ခိုင်သင်းကြည်တို့မိသားစုက တစ်ခါတစ်လေ အပန်းဖြေခရီးထွက်တတ်ကြပြီး အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နဲ့ ကြည်နူးနေတာဖြစ်ပါတယ်။ပွဲအခမ်းအနားတွေတက်ရောက်ရင်လည်း သမီးလေးနဲ့နှစ်ယောက်တွဲပြီးတက်ရောက်သလို တစ်ခါတစ်လေတော့ မိသားစု၃ယောက်လုံးကို ပွဲတွေမှာ တွေ့ရပါတယ်နော်။

ခိုင်သင်းကြည်ကတော့ အခုဆိုရင် ကိုယ်တိုင်မိခင်နေရာကို ရောက်လာပြီဖြစ်တာကြောင့် မိဘမေတ္တာကို ပိုပိုပြီး နားလည်လာတာကြောင့် မခိုင်လေးက အမေများနေ့လေးအတွက်"မွေးပေးခဲ့တဲ့ကျေးဇူးကိုဒီတသက်ဆပ်လို့မကုန်နိုင်သလို ဒီအရွယ်ရောက်တဲ့အထိခလေးတယောက်လို ကျွေးမွေးစောင့်ရှောက်ပေးနေတဲ့ကျေးဇူးကလည်းဆပ်လို့မကုန်နိုင်ပါဘူး နေ့တိုင်းဟာအမေများနေ့ပါဘဲ"ဆိုပြီး မေမေ့ရဲ့ ကျေးဇူးတရားတွေကို သိနားလည်ပြီး မိဘကို ဂရုစိုက်စောင့်ရှောက်ရင်း လိုလေသေးမရှိအောင် ထာပေးနေတဲ့ သမီးလိမ္မာလေးတစ်ယောက်ဖြစ်ပါတယ်နော်။

Source:Khine Thin Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။