ကန်တော့ပါ

Rohypnol ဆိုတာ အလတ်စား Benzodiazepine အိပ်ဆေးဖြစ်တယ်။ အိပ်မပျော်တဲ့ရောဂါအတွက် ရေတိုဆေးအနေနဲ့ သုံးသလို မေ့ဆေးမပေးခင် ကြိုတင်ပေးတဲ့ဆေးအဖြစ်လည့်းသုံးတယ်။ စိတ်ငြိမ်စေမယ်၊ ကြွက်သားတွေကို ပျော့စေမယ်၊ စိုးရိမ်စိတ်နည်းစေမယ်၊ တက်မှာကို တားပေးမယ်။ တခြား Benzodiazepines နဲ့တူတဲ့ဆေးတွေကတော့ Valium (Diazepam), Librium နဲ့ Xanax တွေ ဖြစ်တယ်။ Valium ထက် ၇-၁ဝ ဆ စွမ်းတယ်။ ဆေးပေးပြီးနောက် ၁၅-၂ဝ မိနစ်မှာ အစွမ်းပြပြီး၊ ၄-၆ နာရီအထိခံတယ်။ တကယ်တန်း အစွမ်းကုန်တာကတော့ ၁၂ နာရီကြာမှဖြစ်တယ်။  

Rohypnol ဆေးကို Date-rape drug မိန်းကလေးတွေကို အဓမ္မကျင့်ဘို့သုံးတယ်။ ကျောင်းသူတွေ၊ ကောလိပ် ကျောင်းသူတွေ၊ ပါတီနဲ့ ပွဲလမ်းသဘင်သွား မိန်းမတွေကို မသိအောင် သောက်စရာထဲခပ်ပြီး သတိလစ်တဲ့အခါမှာ ပြုချင်ရာပြုနိုင်တယ်။ မိန်ကလေးဟာ မေ့ဆေးပေးနေတုံး ခွဲစိတ်ခံရတာကို မသိခဲ့သလို ဘာမှ မမှတ်မိတော့ဘူး။ အမှုလုပ်လဲ မရဘူး။

တာရှည်သုံးမိရင် Physical dependence ဆေးစွဲတယ်။ Withdrawal syndrome ဆေးဖြတ်လက္ခဏာတွေခံစားရမယ်။

Cognitive ဆုံးဖြတ်နိုင်စွမ်း ကျဆင်းမယ်။ Psychomotor functions စိတ်+ကြွက်သား အလုပ်တွေနည်းခာမယ်။ ဥပမာ ကားမမောင်းနိုင်ဘူး။ အရက်နဲ့တွဲသောက်ရင် ဗဟိုအာရုံကြောစနစ်ကိုပါထိခိုက်မယ်။

Source:ဒေါက်တာတင့်ဆွေ

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။