ချစ်ပရိသကြီးရေ......photo model လောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေတဲ့ ပက်ထရစ်ရှာကိုအထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်.....။ သူမဟာဆိုရင် ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ပြီး ပုရိသတွေ စွဲမက်အောင်အပြုံးအလှလေးတွေနဲ့ ညှို့ယူဆွဲဆောင်နိုင်သူပါ...။ နိုင်ငံခြားမင်းသမီးတွေလို ဘိုဆန်တဲ့ မျက်နှာထားလေးကိုပိုင်ဆိုင်ထားပြီး အမြဲဖက်ရှင်ကျလှပတာပဲဖြစ်ပါတယ်....။ ပက်ထရစ်ရှာဟာ သဘောထားပွင့်လင်းသူဖြစ်ပြီး လူတိုင်းအပေါ်ရိုးသားပွင့်လင်းတဲ့အတွက်ကြောင့် တတိုင်းပြည်လုံးရှိပရိသတ်တွေက ချစ်ခင်အားပေးလျက်ရှိတာပါနော်......။


ပက်ထရစ်ရှာရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေကိုလည်း လက်ခံရိုက်ကူးလေ့ရှိတာဖြစ်ပါတယ်...။ ခရီးသွားဝါသနာပါသူဖြစ်ပြီး သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေခရီးတွေ ထွက်လေ့ရှိတာပါနော်....။ tik tok ဗီဒီယိုဖိုင်လေးတွေကိုလည်းပြုလုပဖန်တီးပြီး ပရိသတ်တွေကြည့်ရှုခံစားရအောင် တင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်....။ ပက်ထရစ်ရှာ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူးလာတာဖြစ်ပြီး သဘာဝကျကျသရုပ်ဆောင် မှုတွေကို မြင်တွေ့ ကြရမှာပါ..။ gym ကစားလေ့ရှိပြီး gym ကစားနေတဲ့ ပုံရိပ်လေးတွေဟာဆိုရင်လည်း မြင်သူအပေါင်းကို ဆွဲဆောင်ဖမ်းစားနိုင်တာပါနော်...။

ပက်ထရစ်ရှာဟာ facebook စာမျက်နှာကိုအသုံးပြုသူဖြစ်ပြီး Instagram ကွန်ယက်တွေကိုလည်း အသုံးပြုလေ့ရှိတာဖြစ်ပါတယ်...။ social media လောကမှာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "No way to control it It's totally automatic Whenever you're around" ဆိုတဲ့ status လေးနဲ့တကွ အလှပုံရိပ်လေးတွေကို သူမရဲ့ official facebook acc တွင် ထုတ်ဖော်ပြသထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှ ဝေပေးလိုက်ပါတယ်နော်...။

Source Sue Sha Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။