အင်္ဂလန်ပရီးမီးယားလိဒ်ပြိုင်ပွဲကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီးနောက်ဆုံးပွဲစဉ်တွေအထိပရိသတ်တွေကိုရင်ခုန်သံတွေအပြည့်ပေးနိုင်တာဖြစ်ပါတယ်။ဒီနှစ်ပရီးမီးယားလိဒ်ချန်ပီယံဆုအတွက်မန်စီးတီးအသင်းနဲ့လီပါပူးအသင်းတို့ဟာနောက်ဆုံးပွဲအထိပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီးမန်စီးတီးအသင်းကပါပူးအသင်းကိုတစ်မှတ်ဖြတ်ပြီး၂နှစ်ဆက်တိုက်ချန်ပီယံဆုကိုဆွတ်ခူးသွားတာပါ။

ပါပူးအသင်းဟာဒီနှစ်ဘောလုံးရာသီမှာအကောင်းဆုံးခြေစွမ်းတွေပြနိုင်တာဖြစ်ပြီးရလဒ်ကောင်းတွေယူနိုင်ပေမယ့်တစ်ချို့ပွဲတွေမှာအမှားများတာကြောင့်ခုလိုချန်ပီယံဆုကိုလက်လွှတ်ဆုံးရှုံးခဲ့ရတာပါ။ပါပူးအသင်းဟာမနေ့ကပွဲကိုအနိုင်ရရင်ဖလားမျှော်လင့်ချက်လေးရှိပေမယ့်မန်စီးတီးအသင်းကလည်းအနိုင်ရခဲ့တာကြောင့်ချန်ပီယံမဖြစ်နိုင်ခဲ့တာပါ။

မနေ့ကပွဲအပြီးမှာတော့ပါပူးအသင်းနည်းပြကမန်စီးတီးအသင်းကိုသတိပေးပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။မန်စီးတီးအသင်းကိုပါပူးနည်းပြကနောက်နှစ်အကောင်းဆုံးနဲ့ပြန်လာခဲ့မယ်ဆိုပြီးကျိန်းဝါးပြောဆိုလိုက်တာပါ။ပါပူးအသင်းဟာအမှတ်ပေးချန်ပီယံဆုနဲ့ဝေးခဲ့ပေမယ့်ချန်ပီယံလိဒ်ပြိုင်ပွဲမှာတော့ရလဒ်ကောင်းတွေပိုင်ဆိုင်ပြီးဗိုလ်လုပွဲကိုရောက်ရှိနေတာဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။