ချစ်ပရိတ်သတ်ကြီး ရေ.... တစ်ခေတ်တစ်ခါကနေ အခုချိန်ထိ လျှမ်းလျှမ်းတောက်အောင်ငြမ်ကျော်ကြားဆဲဖြစ်တဲ့ ပရဟိတမင်းသားကြီးကျော်သူကိုမသိတဲ့သူမရှိပါဘူးနော်။ သူဟာ ကလေးတွေကော လူကြီးတွေကပါလေးစားအားပေးခြင်းခံရတဲ့ သူလည်းဖြစ်သလို အနုပညာလောကအတွက်တကယ့်ကို စံထားရလောက်တဲ့မင်းသားတစ်လက်လည်းဖြစ်ပါတယ်နော်။

အခုတစ်ခါ ရုပ်ရှင်လောကထဲကိုပြန်ရောက်လာခဲ့တဲ့အချိန်မှာတော့ အရင်ကနဲ့မတူတဲ့ဖန်တီးမှုတွေ သရုပ်ဆောင်မှုတွေနဲ့အတူ ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကို ထပ်မံရရှိခဲ့ပြန်ပါတယ်နော်။ ကျော်သူဟာ အခုတစ်ခါမှာတော့ သရုပ်ဆောင်အပြင်ကို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီးရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာကိုရိုက်ကူးပုံဖော်လျက်ရှိပါတယ်နော်။

အခုလပိုင်းအတွင်းမှာဆိုရင် ကျော်သူဟာ သူကိုယ်တိုင်ဒါရိုက်တာလုပ်ပြီးတော့ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားကြီးဟာ နှစ်ကားလောက်ပြီးစီးခဲ့ပါပြီနော်။ အခုတစ်ခါမှာလည်း ဒဏ္ဍာရီ ပင်လယ် ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို အမိုက်စား ပုံစံတွေနဲ့ ပရိတ်သတ်တွေကို ချပြဖို့ကြိုးစားနေပါတယ်နော်။ ဒီဇာတ်ကားရဲ့ အောင်အတိတ် အောင်နမိတ် ပွဲကိုတော့ ညချမ်းအခါမှာကျင်းပခဲ့ပြီးတော့ Reggaeအဆိုတော် စောဖိုးခွားကလာရောက်ပြီး အားဖြည့်ပေးခဲ့တယ်လိ့သိရပါတယ်နော်။ကဲ... Reggaeညပုံရိပ်လေးနဲ့ အတူ ငမန်းလက်ချက်နဲ့ အဆုံးသတ်ခဲ့ရတဲ့ရိုက်ကွင်းနောက်ကွယ်ကပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Kyaw Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။