ပြီးခဲ့တဲ့ မေလ (၁၂) ရက်နေ့ကတော့ သရုပ်ဆောင် မင်းသားချောလေး ဟိန်းဝေယံရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မွေးနေ့ရက်ရဲ့ မနက်ပိုင်းမှာတော့ ဟိန်းဝေယံက ချစ်ရတဲ့ ပရိသတ်တွေနဲ့အတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လူပေါင်း အယောက် (၁၂၀၀) စာအတွက် အာဟာရ ဒါန သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ မွေးနေ့အလှူပြုလုပ်ခဲ့တဲ့ ဟိန်းဝေယံကြောင့် ဆေးရုံဝင်းကြီးအပြည့် စည်ကားခဲ့တာ ဖြစ်ပါတယ်။

ညပိုင်းမှာတော့ အသက် (၃၀) နှစ်တိတိ ပြည့်သွားခဲ့ပြီဖြစ်တဲ့ မင်းသား ဟိန်းဝေယံအတွက် သူရဲ့အမာခံ ပရိသတ်တွေက အမှတ်တရ မွေးနေ့ပွဲလေးတစ်ခုကို ပြုလုပ်ပေးခဲ့ကြပါတယ်။ ဟိန်းဝေယံရဲ့ Fan တွေက သူတို့ချစ်ရတဲ့ မင်းသားကို Suprise ဖြစ်သွားအောင် ကိတ်မုန့်၊ ပန်းစည်းတွေနဲ့အတူ မွေးနေ့ပွဲလေး ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဟိန်းဝေယံတစ်ယောက် မွေးနေ့မှာ အတိုင်းမသိ ဝမ်းသာပျော်ရွှင်ခဲ့ရတာ ဖြစ်ပါတယ်။

အခုလည်း ဟိန်းဝေယံက "မနေ့ညက ကျွန်တော့်ရဲ့ Fan လေးတွေ ကျွန်တော့်ကိုSurprise တိုက်ခဲ့ကြတယ်.. အရမ်းပျော်တယ် " ဆိုပြီး အမှတ်တရ ပုံလေးတွေကို တင်ပေးထားပါတယ်။ ပရိသတ်တွေနဲ့အတူ ဆင်နွှဲခဲ့တဲ့ ဟိန်းဝေယံရဲ့ မွေးနေ့ပွဲလေးကတော့ အရမ်းကို ပျော်ရွှင်စရာကောင်းခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေ ပြုလုပ်ပေးတဲ့ မွေးနေ့ပွဲမှာ ပျော်ရွှင်နေတဲ့ ဟိန်းဝေယံနဲ့ Fan တွေရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Heinn Wai Yan;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။