ဒီဖြစ်ရပ်လေးကတော့ အိန္ဒိယနိုင်ငံ Uttar Pardesh ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုပဲဖြစ်ပါတယ်။

သဂြိုလ်ခံခဲ့ရတဲ့ကောင်မလေးရဲ့နာမည်ကတော့ Rachna Sisodia ဖြစ်ပြီး သူမဟာ ခင်ပွန်းဖြစ်သူ Devesh Chaudhary ရဲ့ မကြာခဏ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာကြေကာင့် အိမ်ပေါ်ကနေ ထွက်ပြေးနေရာကနေ ဆေးရုံတက်ခါနီးမှ ခင်ပွန်းဖြစ်သူနဲ့ ပြည်လည်တွေ့ဆုံခဲ့သူပဲဖြစ်ပါတယ်။

ဖြစ်ပွားခဲ့ပုံကတော့ Sisodia ဟာ အဆုတ်ရောဂါပြင်းထန်လာတာကြောင့် ဆေးရုံသို့တက်ရောက်ကုသနေစဉ် တနေ့မှာ သူမဟာရောဂါဖောက်လာပြီး ငြိမ်သွားတဲ့အချိန်မှာ ဆရာဝန်တဦးက သူမဟာ အဆုတ်ရောဂါနဲ့ သေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့ကြောင့် သူမရဲ့ခင်ပွန်းဖြစ်သူ Chaudhary ဟာ သူ့ရဲ့ချစ်ဇနီးလေးရဲ့ ရုပ်ကလပ်ကို မီးသဂြိုလ်ဖို့အတွက် စီစဉ်ခဲ့ပါတော့တယ်။

အဲ့ဒီနောက် Sisodia ရဲ့ရုပ်ကလပ်ကို မီးသဂြိုလ်နေစဉ်အတွင်းမှာတော့ အသုဘအကျိုးတော်ဆောင် တစ်ယောက်က Sisodia ဟာ အသက်ရှင်နေသေးတယ်လို့ အသံကျယ်ကြီးနဲ့ အော်ပြောခဲ့ပါတယ်။

အဲ့တာကြောင့် Sisodia ရဲ့ ရုပ်အလောင်းကို မီးပုံထဲက အလျင်အမြန်ဆွဲချခဲ့ကြပေမယ့် ခန္ဓာကိုယ်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ မီးလောင်ကျွမ်းခဲ့ပြီဖြစ်တာကြောင့် သူမဟာ အသက်မရှိတော့ပါဘူး။

အဲ့ဒီနောက်မှာတော့ တာဝန်ရှိသူတွေဟာ သူမရဲ့အလောင်းကို ဆက်လက်မသဂြိုလ်တော့ဘဲ ရင်ခွဲရုံကို ပြန်လည်ပို့ဆောင် စစ်ဆေးတဲ့အခါမှာတော့ Sisadia ဟာ မီးမရှို့ခင်က အသက်ရှိသေးကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

ဘာကြောင့်လဲဆိုရင်တော့ သူမရဲ့အဆုပ်ထဲမှာ အသက်ရှူလမ်းကြောင်းကနေ ပြန်ဝင်လာတဲ့ အမှန်အမှားတွေကို တွေ့ရှိခဲ့ရတာကြောင့်ပဲဖြစ်ပါတယ်။

တချို့သောသူတွေကတော့ ဒီလုပ်ရပ်ဟာ ခင်ပွန်းဖြစ်သူ Devesh Chaudhary က အသက်ရှင်နေတာသိသိရက်နဲ့ တမင်မီးရှို့သတ်ခဲ့တာလို့ ပြောကြားခဲ့သလို သေဆုံးပြီလို့ မှတ်ချက်ပေးခဲ့တဲ့ ဆရာဝန်ဟာဆိုရင်လည်း သူမဟာ အမှန်တကယ်သေဆုံးပြီးသားဖြစ်တယ်လို့ပဲ ပြောကြားခဲ့ပါတယ်။

မည်သို့ပင်ဆိုစေကာမေ အသက်ရှိနေပါသေးရက်နဲ့ မီးရှို့ပြီး သဂြိုလ်ခံခဲ့ရတဲ့ Sisodia ရဲ့အဖြစ်ကတော့ အင်မတန်ကြေကွဲစရာကောင်းလှပါတယ်။

Source : Thadinatin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။