အတင်းပြောတဲ့လူတွေရဲ့ပြသနာဟာ ပရိသတ်တွေ လက်ရှိနေထိုင်တဲ့ မြန်မာနိုင်ငံထဲမှာလည်း ထိန်းချုပ်လို့မရသလို ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း ဘယ်လိုမှ ထိန်းချုပ်လို့မရတဲ့ ပြသနာတခုပဲဖြစ်ပါတယ်။

အတင်းပြောသူတွေကြောင့် မလိုလားအပ်တဲ့ပညာတွေဖြစ်လာရသလို ၎င်းအတင်းပြောသူတွေကြောင့်ပဲ ချစ်ရသူတွေလည်း လမ်းခွဲပြတ်စဲတဲ့ အထိ ဖြစ်ကုန်ကြတဲ့ဖြစ်ရပ်တွေဟာလည်း မိမိတို့နေထိုင်ရာပတ်ဝန်းကျင်မှာ ခနခနကြားနေရတဲ့ ဖြစ်ရပ်တွေပဲဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ ဘီနာလိုနန်မြို့မှာတော့

ထိုသို့အတင်းပြောသူတွေကို အပြစ်ပေးမယ့် ဒေသတွင်း ဥပဒေတရပ်ကို စတင်ပြဌာန်းလိုက်ပြီပဲဖြစ်ပါတယ်။

၎င်းဥပဒေကို ပထမအကြိမ် ချိုးဖောက်သူအနေနဲ့ကတော့ ပီဆို ၂၀၀ ဒဏ်ငွေပေးဆောင်ရမှာဖြစ်သလို လမ်းမပေါ်က အမှိုက်တွေကိုလည်း ၃ နာရီကြာအောင် ကောက်ရမှာပဲဖြစ်ပါတယ်။

ဒုတိယအကြိမ်ချိုးဖောက်မယ်ဆိုရင်တော့ ထိုသူဟာ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၂၀ ဒဏ်ငွေပေးဆောင်ရမှာဖြစ်သလို အမှိုက်ကလည်း ၈ နာရီကြာမြင့်အောင် ကောက်ရမှာဖြစ်တယ်လို့ သိရပါတယ်။

လီနာလိုနန်မြို့ရဲ့ မြို့တော်ဝန် ဂိုင်ကိုကတော့

“အတင်းပြောတယ်ဆိုတာ အချိန်ဖြုန်းခြင်း သက်သက်ပါပဲ။ လူတွေဟာ အတင်းပြောမယ့်အချိန်တွေမှာ တခြားတခုခုကို လုပ်ဆောင်နေခြင်းနဲ့ သူတို့ဘဝကို ပိုတိုးတက်အောင် ဆောင်ရွက်နိုင်ပါတယ်” လို့ ပြောဆိုထားကြောင်း သိရပါတယ်။  

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။