ချယ်လ်ဆီးအသင်းရဲ့အဓိကကစားသမားတစ်ယောက်ဖြစ်တဲ့ဟာဇက်ကတော့ပရီးမီးယားလိဒ်ပြိုင်ပွဲကြီးပြီးဆုံးသွားချိန်မှာရီးရဲမက်ဒရစ်အသင်းကိုပြောင်းရွေုဖို့သဘောတူညီထားပြီဆိုပြီးအရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ဟာဇက်ကတော့ရီးရဲအသင်းကိုပြောင်းရွေ့ဖို့အစောကြီးတည်းကသတင်းထွက်နေတာဖြစ်ပြီးခုမှာတော့သတင်းတွေကပိုမိုခိုင်မာလာပါတယ်။

ကစားသမားကိုယ်တိုင်ကလည်းရီးရဲမှာကစားခြင်ကြောင်းပြောထားတာဖြစ်ပြီးချယ်လ်ဆီးအသင်းကတော့သူတို့ကစားသမားကိုလက်လွှတ်ဖို့ခက်ခဲနေတာပါ။ပရိသတ်တွေနည်းပြတွေကစားသမားတွေကဟာဇက်ကိုလက်မလွှတ်ချင်ပဲအသင်းမှာပဲရှိနေပြီးကစားသမားကိုယ်တိုင်ကသူ့ရဲ့လွတ်လပ်မှုကိုလိုချင်နေတာဖြစ်ပါတယ်။

ဟာဇက်ကတော့ကမ္ဘာ့အကောင်းဆုံးလို့ပရိသတ်တွေသတ်မှတ်ထားခြင်းကိုခံရတဲ့ကစားသမားဖြစ်ပါတယ်။ရီးရဲအသင်းကလည်းရော်နယ်ဒိုထွက်သွားပြီးနောက်ပိုင်းရလဒ်တွေဆိုးရွားနေတာကြောင့်ဟာဇက်လိုကစားသမားကောင်းတစ်ယောက်ကိုခေါ်ယူချင်နေတာဖြစ်ပါတယ်။ဟာဇက်အတွက်ရီးရဲအသင်းကသန်း၁၀၀အထိသုံးစွဲရဖို့ရှိနေတာဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။