ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေ တစ်စုတစ်စည်းတည်း သရုပ်ဆောင်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးကတော့ မကြာခင်မှာ ရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်နော်..။

ပြည်သူချစ်တဲ့ နာမည်ကျော် အနုပညာရှင်တွေရဲ့ အမိုက်စားသရုပ်ဆောင် အားပြိုင်မှုတွေကို ရုပ်ရှင်ကားကြီး တစ်ကားထဲမှာပဲ အားပြိုင်မြင်တွေ့ရတော့မှာမို့ ပရိသတ်တွေကလည်း စိတ်လှုပ်ရှားနေကြလိမ့်မယ်လို့ ထင်ပါတယ်နော်..။


ပရိသတ်တွေကို စိတ်ဝင်စားစေတဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေကတော့ “ဇာတ်လိုက်” ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး သရုပ်ဆောင်တွေ အနေနဲ့ကတော့ မြင့်မြတ်၊ ထူးအောင်၊ အောင်ရေချမ်း၊ ကောင်မြတ်စံ၊ လင်းအောင်ခေတ်၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်နဲ့ မေမြင့်မိုရ်တို့က အဓိကပါဝင်သရုပ်ဆောင်ရိုက်ကူးသွားမှာပဲ ဖြစ်ပါတယ်..။

မကြာခင်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရုပ်ရှင်ကန်တော့ပေးပွဲကိုလည်း ဒီကနေ့ မေလ(၁၃)ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်နဲ့ အခြားအနုပညာရှင်များစွာကလည်း ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကြိုတင်ပြင်ဆင်မှုတွေလည်း ပြုလုပ်နေတာ တွေ့ရပါတယ်..။


“ဇာတ်လိုက်” ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကြိုတင်ပြင်ဆင်မှုတွေကို ပျော်ပျော်ပါးပါး ကျင်းပပြုလုပ်နေကြတာဖြစ်ပြီး အမှတ်တရဓာတ်ဖမ်းထားတဲ ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေတးယ်နော်..။

ဒါရိုက်တာ ကိုပေါက် ရိုက်ကူးပုံဖော်မယ့် “ဇာတ်လိုက်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဇာတ်ကား စတင်ရိုက်ကူးမှု မြပြုလုပ်ခင်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စား အာရုံစိုက်မှုတွေကို ရရှိထားတာလည်း တွေ့ရပါတယ်နော်..။

Photo - San Win Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။