မြန်မာ့ရုပ်ရှင်လောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေပြီး အောင်မြင်မှုများစွာကို သိမ်းဆည်းရရှိထားတဲ့ ပြည်သူ့အချစ်တော် ရွှေသမီးကိုအားလုံးသိကြမယ်ထင်ပါတယ်နော်.....။ သူမဟာဆိုရင်စိတ်သဘောထားပြည့်ဝပြီး အပြစ်ကင်းစင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်...။ ရွှေသမီးဟာ ကျရာဇာတ်ရုပ်ကနေ သဘာဝပီပြင်စွာ သရုပ်ဆောင်ပိုင်နိုင်တဲ့အတွက်ကြောင့် အချိန်တိုအတွင်းမှာပဲ ရုပ်ရှင်ဇာတ်ကားများစွာကို လက်ခံရိုက်ကူးလာရပြီး အချစ်တွေနဲ့ ဝန်းရံခံထားရတာဖြစ်ပါတယ်။ မော်ဒယ်လ်လောက ကနေ အနုပညာသရုပ်ဆောင်လောကထဲသို့ဝင်ရောက်လာတာခဲ့တဲ့ ရွှေသမီးဟာဆိုရင်တော့ ခန္ဓာကိုယ်အချုးိအစားပြေပြစ်လှပပြီး မြင်သူတိုင်းကို ဆွဲဆောင်ညှို့ယူဖမ်းစားနိုင်တာပါနော်....။

သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ ကြော်ငြာတွေလည်းလက်ခံရိုက်ကူးလာရပြီး၊ ဖွင့်ပွဲအခမ်းအနားတွေမှာလည်း သူမရဲ့ အလှပုံရိပ်တွေကို မြင်တွေ့ကြရမှာပါ...။ ခရီးသွားဝါသနာပါသူဖြစ်ပြီး ပရဟိတလုပ်ငန်းတွေကိုလည်း စိတ်ရောကိုယ်ပါနှစ်ပြီးလုပ်ကိုင်ခဲ့တဲ့ အမျိုးသမီး မင်းသမီးကောင်းတစ်ယောက်ဖြစ်ပါတယ်....။ အလှူအတန်းရက်ရောသူလည်းဖြစ်ပြီး သဒ္ဓါတရားထက်သန်စွာ အလှူဒါနတွေကိုလည်းပြုလုပ်သူတစ်ယောက်ပါနော်..။ မြန်မာဝတ်စုံလေးတွေကိုလည်းဝတ်ဆင်လေ့ရှိပြီး ရိုးယဉ်စွာ ကျက်သရေရှိလှပနေတာဖြစ်ပါတယ်...။

ရွှေသမီးဟာ ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "အပေးအယူ" ဇာတ်ကားကြီးထဲမှာ ပါဝင်ထားကြတဲ့ သရုပ်ဆောင်များနဲ့အတူ အမှတ်တရ ပုံရိပ်တွေကိုရိုက်ကူးထားပြီး သူမရဲ့ official facebook acc တွင်ထုတ်ဖော်ပြသထားတာဖြစ်ပါတယ်..။ Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Shwe Tha Mee

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။