စမိုင်းလ်ဟာဆိုရင် သမီးလေး နှစ်ယောက်ကို မွေးဖွားခဲ့တာကြောင့် ပေါင်၂၀၀ ကျော်တက်သွားခဲ့ပြီး ခန္ဓာကိုယ်ထိန်းသိမ်းရအောင် gym ကို အချိန်မှန်မှန်နဲ့ စနစ်တကျ ပြန်လည်ဆော့ခဲ့တာဖြစ်ပါတယ်...။ သူမဟာဆိုရင် တစ်ခေတ်တစ်ခါ မြန်မာဗီဒီယိုလောကရဲ့ နာမည်ကြီးသရုပ်ဆောင်မင်းသမီး တစ်ဦးဖြစ်ပြီး အခုအချိန်ထိတိုင် အနုပညာအလုပ်တွေနဲ့ ဝေးကွာသွားခြင်းမရှိဘဲ စီးပွားရေးလုပ်ငန်းတွေမှာပါ အောင်မြင်သူတစ်ယောက်ဖြစ်နေပါပြီနော်...။ "Sharing is Caring" ဆိုတဲ့ စာအုပ်ထုတ်ဝေထားပြီး ပရိသတ်တွေကို သူမရဲ့ အကျိုးရှိစေမယ့် ကျန်းမာရေးဗဟုသုတတွေပြန်လည်မျှ ဝေခဲ့တာပါနော်....။

စမိုင်းလ် တို့မိသားစုလေးဟာ ပရိသတ်တိုင်း အားကျရောက်ရတဲ့ ပျော်ရွှင်စရာဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်....။ ခရီးတွေလည်း အတူထွက်လေ့ရှိပြီး သွား၊ လာစားသောက်နေတဲ့ အမှတ်တရ ပုံရိပ်လေးတွေကိုလည်း တင်ဆက်ပြသပေးလေ့ရှိတာဖြစ်ပါတယ်...။ ပရဟိတ လုပ်ငန်းတွေကိုလည်း စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်လေ့ရှိတဲ့ လေးစားအားကျဖွယ် မိသားစုလေးပဲဖြစ်ပါတယ်...။ စမိုင်းလ်ရဲ့ ခင်ပွန်းဟာဆိုရင်လည်း သူ့ဇနီးလောင်းကို အရမ်းချစ်တာဖြစ်ပြီး surprise တွေကိုလည်း မကြာခဏ ဆိုသလို romantic ဆနဆန် ပြုလုပ်ပေးလေ့ရှိတာကို မုဒိတာပွားဖွယ် မြင်တွေ့ကြရမှာပါ...။

စမိုင်းလ်ဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "Universal Studios Hollywood"၊ "Disneyland Park"၊ "Hollywood Walk of Fame" ရှိရာ Los Angeles မြို့သို့ ရောက်ရှိနေပြီး နိုင်ငံခြားမင်းသမီးတွေ ရှုံးရလောက်အောင် အမိုက်စား ဒီဇိုင်းနဲ့ အပြတ်စား လန်းနေတာဖြစ်ပါတယ်...။ သူမရဲ့ အလှပုံရိပ်တွေကို အားပေးလို့ရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source စမိုင်းလ် Smile

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။