ပရိသတ်ကြီးရေ နေခြည်ဦးကတော့ Beauty bloggerတစ်ယောက်လည်းဖြစ်သလို တက်သစ်စအနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။နေခြည်ဦးပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေက ၃ကား ၄ကား လောက်ရှိနေပြီး နောက်ထပ်လည်းရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးနေဆဲဖြစ်ပါတယ်။နေခြည်ဦးကတော့ အမြဲတမ်းကြိုးစားနေပြီး ဗဟုသုတတွေကို ရှာမှီးနေတဲ့သူဖြစ်လို့ အောင်မြင်မှုလမ်းကြောင်းပေါ်က ခဏလေးနဲ့ ရောက်လာခဲ့ပါတယ်။

နေခြည်ဦးကို အားပေးတဲ့ ပရိသတ်တွေကလည်း အများအပြားရှိနေပြီး နေခြည်ဦးမျှဝေတဲ့ အလှအပရေးရာ တွေကိုလည်း မိန်းကလေးတွေက လိုက်နာကျင့်သုံးကြပါတယ်နော်။နေခြည်ဦးကတော့ လူငယ်ပီပီ သွက်လက်ပွင့်လင်းပြီး ဖော်ရွေစွာ ပေါင်းသင်းဆက်ဆံတတ်လို့ လူချစ်လူခင်ကတော့ ပေါများပါတယ်။အခုဆိုရင် အရင်ကထက်လည်း အများကြီးပိုလှလာပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု့အပြည့်နဲ့ စတိုင်ကျလှပနေတဲ့သူတစ်ဦးပါနော်။

နေခြည်ဦးက သူငယ်ချင်း တိုင်ရွန်နဲ့ ဇာတ်ကားတွေလည်း တွဲဖက်ပြီးရိုက်ကူးဖူးသလို အခုဆိုရင်လည်း Bella အတွက် ကြော်ငြာလေးကိုနှစ်ဦးသားရိုက်ကူးနေပါတယ်နော်။တိုင်ရွန်ကတော့"Bella cosmetics ကြော်ငြာလေးရိုက်ကူး Ro တဲ့အခန်းတွေရိုက်ရတာ ဒီ Nay Chi Oo မနဲ့ Ro မရ ခွီနေရ"ဆိုပြီး ရေးသားထားပါတယ်။သူငယ်ချင်းနှစ်ယောက် Roရမယ့် အခန်းလေးမှာ နှစ်ယောက်မျက်နှာချင်းဆုံပြီး ခွီနေကြတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Source:Tyron Bejay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။