ပြီးခဲ့တဲ့ 12.5.2019 မှာ နန်းဆုရဲ့သီချင်းအသစ်ဖြစ်တဲ့ " ကမ်းမဲ့လှေ " သီချင်းဟာ လူမှုကွန်ယက်ပေါ်မှာ တင်ပြီး တစ်ရက်အကြာမှာပဲ ကြည့်ရှုသူနှုန်းထား ၁သန်းပြည့်သွားခဲ့တာပဲဖြစ်ပါတယ်။ Congratulation ပါ နန်းဆုရေ။ G-Fatt ကိုယ်တိုင်ရေးစပ်ထားတဲ့ ဒီသီချင်းလေးကို အလန်းစား MTV ရိုက်ချက်တွေနဲ့ အကောင်းဆုံးပုံဖော်ခဲ့ပြီး နန်းဆုကလည်း ခံစားချက်အပြည့်နဲ့သီဆိုခဲ့တာပဲဖြစ်ပါတယ်။ 

နှစ်ယောက်သားကလည်း အတူတူ MTV ရိုက်ကူးခဲ့ကြပြီး ပရိသတ်အကြိုက်နဲ့ ထပ်တူကျတဲ့ သီချင်း MTV တစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ချစ်သူရဲ့အောင်မြင်မှုကို G-Fatt တစ်ယောက်လည်း ထပ်တူဝမ်းသာပီတိ ဖြစ်လို့နေပါတယ်။ နှစ်ယောက်သားရဲ့ အတူတူပူးပေါင်းကြိုးစားမှုလေးဟာ ဖြစ်ဖြစ်မြောက်မြောက် အရာထင်ခဲ့ပြီမို့ ပရိသတ်တွေကလည်း အတော်လေးဝမ်းသာနေကြပါတယ်။ 

နန်းဆုတစ်ယောက် သူမရဲ့သီချင်းလေးအောင်မြင်ခဲ့တာကြောင့် " ကမ်းမဲ့လှေ MV လေး ထွက်ထွက်ချင်း 24 hours မှာ 1M views ဖြစ်သွားလို့ အရမ်းပျော်ပါတယ် အားပေးကြသူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ဒီသီချင်းလေးကို ရေးစပ်ပေးပြီး ရိုက်ကူးဖန်တီးပုံဖော်ပေးပါသော G fatt , သေချာအသေးစိတ်စိတ်ရှည်လက်ရှည် ရိုက်ကူးတည်းဖြတ်ပေးပါသော သီဟ Dyno နှင့် အဖွဲ့သားများ, လှလှလေးလိမ်းခြယ်ပေးပါသော make up - Ci Ci, ဝတ်စုံလှလှလေးတွေ ချုပ်ပေးတဲ့ designer မပုံ့,ရိုက်ကူးရေးအဆင်ပြေစေရန် နေရာကူညီပေးပါသောGerizim Hotel ( Chaung Thar beach ) , အမိုက်စားmusic ကို ဖန်တီးပေးပါသောmusic producer- Myo Zaw Htet , Harmony - Hnin Pwint , Margaret , CG -Lwin Min Soe ,Myo Thura Swe တို့နှင့် ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့် အထူးသဖြင့် မထွက်ခင်အချိန်ထဲအားပေးဖို့စောင့်မျှော်နေကြတဲ့ we love လေးတွေ နှင့် ဒီသီချင်းလေးကို အားပေးနှစ်သက်ကြတဲ့ ချစ်ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့် " ဆိုပြီး အားလုံးကို ကျေးဇူးတင်စကားဆိုခဲ့တာပဲဖြစ်ပါတယ်။ ဒီထက်မကအောင်မြင်ပါစေ နန်းဆုရေ။

Photo - Nansu Yati Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။