ပရိသတ်ကြီးရေဂနေခြည်ဦးလို့ပြောလိုက်တာနဲ့ မိန်းကလေးတိုင်းသိကြမှာပါနော်။ သူမကတော့ Beauty Blogger ဘဝကနေ ယခုမင်းသမီးဖြစ်တဲ့အချိန်ထိ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးခြင်းကိုရရှိထားသူတစ်ယောက်ပါ။ မိန်းကလေးတိုင်းကို လှစေချင်တဲ့စိတ်တစ်ခုတည်းနဲ့ Makeup look လေးတွေကိုအမြဲတမ်းတင်ပေးတတ်သူလေးပါ။

သူမ Review ပေးတဲ့ကုန်ပစ္စည်းတိုင်းဟာလည်း ရောင်းမလောက်ဖြစ်တဲ့အထိ ဆန်းရှိလွန်းတဲ့သူလေးပါ။ လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ခေါင်းဆောင်မင်းသမီးနေရာတွင် ပါဝင်သရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။ သူမရဲ့ ပီပြင်ကျွမ်းကျင်တဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း အချိန်တိုအတွင်းမှာအောင်မြင်တဲ့ အနုပညာရှင်တစ်ဦး ဖြစ်လာတာပါ။

ချီချီဟာ ပွဲအခမ်းအနားများစွာကိုလည်း လက်မလည်အောင်တက်နေရသူလေးပါ။ သူမရဲ့ပွဲတက်ဖက်ရှင်များဟာလည်း လူအများအံ့သြမင်သက်လောက်အောင် လှရက်နိုင်လွန်းသူလေးပါ။ လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးနှင့်ကြော်ငြာတွေရိုက်ကူးနေတာပါ။ မနေ့ကလည်း Bella ကြော်ငြာရိုက်ကွင်းလေးမှာ အမှတ်တရတစ်ခုလေးဖြစ်ခဲ့တာပါ။ ဒါကတော့ ရိုက်ကွင်းလေးမှာရိုက်ကူးနေရင်းနဲ့ ချော်လဲခဲ့တာပါ။ ဒီအဖြစ်အပျက်လေးကိုတော့ သူမရဲ့ Facebook Myday လေးမှာဗီဒီယိုလေးတင်ထားတာပဲ ဖြစ်ပြီး ပရိသတ်ကြီးလည်းကြည့်ရှုနိုင်အောင်တင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။