ဒါရိုက်တာ ဏကြီးနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုတို့ဇနီးမောင်နှံကတော့ တကယ့်ကိုလိုက်ဖက်ညီတဲ့ ပါရမီဖြည့်ဖက်တွေလို့ ဆိုလို့ရပါတယ်။ စိတ်ကောင်းစေတနာကောင်းရှိတဲ့ သူတို့ဇနီးမောင်နှံက လူတိုင်းကို လေးစားတန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်လေးကလည်း အရမ်းကို ချီးကျူးဖို့ကောင်းပါတယ်။ အခုလည်း သုသုတို့ဇနီးမောင်နှံက တကယ်လိုအပ်နေတဲ့ အနုပညာရှင်တွေအတွက် ကိုယ်တိုင်အပင်ပန်းခံပြီး သွားရောက်ကူညီပေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံက ပြည်သူတွေကချီးမြင့်တဲ့ အကယ်ဒမီဆုနဲ့ ဆုကြေးတွေကို ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ဆုရရှိပြီးပြီးချင်းမှာပဲ သုသုတို့ဇနီးမောင်နှံက ပန်းပုရုပ်ထုနဲ့ ရရှိခဲ့တဲ့ ဆုငွေတွေအားလုံးကို ကျန်းမရေးမကောင်းဖြစ်နေတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေအတွက် ခွဲဝေလှူဒါန်းပေးခဲ့ကြပါတယ်။ သွားရောက်လှူဒါန်းရာမှာလည်း သုသုတို့စုံတွဲလေးက တစ်အိမ်တက်တစ်အိမ်ဆင်း လိုအပ်သမျှအ၀၀ကို မေးမြန်းပြီး ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

အခုလည်း သုသုက "၁၂ရက် ညနေက ပြည်သူ့အကယ်ဒမီ ဆိုပြီးအနယ်နယ်အရပ်ရပ်က သုသုတို့ပရိတ်သတ်တွေ ပေးခဲ့တဲ့ ပန်းပုရုပ်ထုနဲ့ အတူသုသုတို့ရရှိခဲ့တဲ့ ချီးမြှင့်ငွေအားလုံးကို ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ ဘဘဦးမန်းဝင်း ဘဘဦးပေါ်လေး ဘဘဦးဝင်းနိုင်(အနုပညာ) လေးလေးဦးဧရာ မကြီးကစ်ကစ် မကြီးနွယ်နီ တို့ကိုခွဲဝေကန်တော့ခဲ့ပါတယ်။ သုသုတို့ရဲ့ခုနစ်ရက်သားသမီးပရိတ်သတ်တွေရဲ့ အလှူဖြစ်တာမို့ အားလုံးသာဓုခေါ်နိုင်အောင်ပြန်လည်မျှဝေလိုက်ပါတယ်ရှင့် ။ တစ်အိမ်တက်ဆင်းသုသုတို့သွားလှူချင်သမျှကို ပါရမီဖြည့်ပြီးလိပ်စာတွေစုံစမ်းပေး အဖော်လိုက်ပေးတဲ့ စေတနာ့ဝန်ထမ်း မကြီးနှိုင်းယှဉ်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ် ။" ဆိုပြီး ကုသိုလ်ယူနေတဲ့ ပုံလေးတွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်။

Source:Paing Phyoe Thu;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။