မြင်သူတိုင်း အရူးအမူး စွဲလန်းရလောက်တဲ့ မျက်ဝန်းလှလှလေးတွေကို ပိုင်ဆိုင်ထားသူလေးကတော့ မင်းသမီးချောလေး မိုးဟေကိုပဲ ဖြစ်ပါတယ်။ ရွှေအဆင်းလို ဝင်းဝါတဲ့ အသားအရေနဲ့ ပြစ်မျိုးမှဲ့မထင်တဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတဲ့ မိုးဟေကိုက ယောက်ျားလေးပရိသတ်တွေရဲ့ အချစ်တော်လေးပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မိုးက အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ထွက်ရှိလာတာ တွေ့ရပါတယ်။

ပွဲအခမ်းအနားတွေလည်း မနားတမ်း တက်ရောက်နေရတဲ့ မိုးက ဘယ်သူနဲ့မတူတဲ့ အမိုက်စားဖက်ရှင်တွေနဲ့ အမြဲလန်းနေတတ်သူ ဖြစ်ပါတယ်။ ကြီးကျယ်ခမ်းနားလှတဲ့ မိုးရဲ့ပွဲတက်ဖက်ရှင်တွေကလည်း လူကြားထဲမှာ အမြဲထင်ပေါ်နေတတ်တာကြောင့် အားလုံးက အာရုံစိုက်နေရတာ ဖြစ်ပါတယ်။ အခုလည်း မိုးက စွဲမက်ဖွယ်ကောင်းတဲ့ သူမရဲ့အလှတရားတွေနဲ့ အပြင်းစားညို့ယူဖမ်းစားထားတဲ့ ဗီဒီယိုဖိုင်လေးကို တင်ထားပါတယ်။

" Eye on You " ဆိုတဲ့ အမိုက်စားဗီဒီယိုလေးမှာတော့ လှပပြီး ဆွဲငင်အားကောင်းတဲ့ မိုးရဲ့မျက်ဝန်းလှလှလေးတွေနဲ့ အကြည့်လေးတွေက အရမ်းကို ရင်ခုန်ချင်စရာကောင်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီဗီဒီယိုလေးကို ကြည့်ရူမိသူတိုင်းက ထပ်ခါထပ်ခါကြည့်ချင်လောက်အောင် စွဲလန်းသွားရစေမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မိုးဟေကိုရဲ့ အမိုက်စားဗီဒီယိုအသစ်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Moe Hay Ko;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။