ပရိသတ်ကြီးရေ ဘေဘီမောင်နဲ့သားဂန်းတို့ စုံတွဲလေးကိုဆိုရင် ပရိသတ်တွေက အားပေးချစ်ခင်နေကြတာဖြစ်ပါတယ်။နှစ်ယောက်စလုံးက အနုပညာရှင်တွေဖြစ်ကြတာကြောင့် စိတ်တူကိုယ်တူ ဝါသနာတူပြီး လိုက်ဖက်ညီတဲ့ စုံတွဲလေးပါနော်။ဘေဘီမောင်နဲ့သားဂန်းတို့သီဆိုထားတဲ့ စုံတွဲသီချင်းလေးတွေကိုဆိုရင်လည်း ပရိသတ်တွေက ကြိုက်နှစ်သက်ကြပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့ ကြိုးစားလုပ်ဆောင်နေကြတာပါ။

သားဂန်းကိုလည်း ဘေဘီမောင်ရဲ့ မိဘတွေနဲ့ ညီအစ်ကိုမောင်နှမတွေက ချစ်ခင်ကြပြီး ဘယ်သွားသွား အတူတူသွားလာပြီး ရင်းနှီးကြပါတယ်နော်။သားဂန်းကို ယောက္ခမကြီးကိုယ်တိုင်က ဖွယ်ဖွယ်ရာရာ ထမင်းဟင်းတွေကို ချက်ကျွေးပြီး သားအရင်းတစ်ယောက်လို ဆက်ဆံတာဖြစ်ပါတယ်။ဘေဘီမောင်တို့မိသားစုလေးက သာယာအေးချမ်းပြီး ပျော်ရွှင်ကြည်နူးဖို့ကောင်းပါတယ်နော်။

အခုဆိုရင်တော့ ဘေဘီမောင့်ရဲ့ အမေမွေးနေ့မှာ သားဂန်းအပါအဝင်အိမ်သားတွေအကုန်လုံးက မွေးနေ့Suprise ကို ညသန်းခေါင်ကြီး လုပ်ပေးလို မေမေကတော့ အရမ်းကို ပျော်ရွှင်သွားပါတယ်နော်။ဘေဘီမောင်တို့မိသားစုက မေမေ့မွေးနေ့လေးမှာ ရွှေတိဂုံဘုရားကို ဝင်ဖူးပြီး ကျိုက်ထီးရိုးကို ခရီးဆက်ကြတော့မှာဖြစ်ပါတယ်။ဘေဘီမောင်တို့နဲ့အတူ ချစ်သူသားဂန်းကလည်း ကျိုက်ထီးရိုးကို လိုက်ပါသွားခဲ့ပါတယ်နော်။

Source:Baby Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။