နယ်သာလန်လက်ရွေးစင်ကစားသမားဟောင်းနှင်ဒြ့ အာဆင်နယ်၊မန်ယူ အသင်းတိုက်စစ်မှူးဟောင်း ဗန်ပါစီကဘောလုံးကစားသမားဘဝမှအနားယူသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဗန်ပါစီဟာ ပရီးမီးယားလိဂ်တွင် အာဆင်နယ်၊မန်ယူအသင်း တို့တွင်ကစားခဲ့ပြီးနောက် တူရကီကလပ် ဖီနာဘာချီအသင်းသို့ပြောင်းရွှေ့ကစားခဲ့ရာ ၂၀၁၈ ခုနှစ်တွင် နယ်သာလန်ကလပ် ဖီယင်နုအသင်းသို့ပြန်လည်ပြောင်းရွှေ့ကသားခဲ့တာပဲ ဖြစ်ပါတယ်။ 

အသက်၃၅ နှစ်အရွယ်ရှိ ဗန်ပါစီအနေနှင့်ကစားသမားဘဝကို ဖီယင်နုအသင်းနှင့်စတင်ခဲ့ပြီး ကစားသမားဘဝမှအနားယူချိန်တွင်လည်း မိခင်အသင်းကလပ် ဖီယင်နုတွင်သာ ကစားသွားရန်ပြောကြားထားသူဖြစ်ပါတယ်။ ထို့ကြောင့်သူဟာ ဖီယင်နုအသင်းတွင် တစ်ရာသီကစားပြီးနောက် အနားယူခဲ့တာပဲ ဖြစ်ပါတယ်။ 

ဗန်ပါစီဟာ ကစားသမားသက်တမ်းတစ်လျှောက် မန်ယူအသင်းတွင်ကစားခဲ့တဲ့ကာလဟာ အထွန်းတောက်ဆုံးကာလတစ်ခုဖြစ်ခဲ့ပြီး အသင်းနဲ့အတူပရီးမီးယားလိဂ်ချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့သည့်အပြင် ဖီယင်နုအသက်းတွင် တစ်ရာသီသာကစားခဲ့သော်လည်း အသင်းအတွက် ၁၆ ဂိုးသွင်းယူပေးနိုင်ခဲ့သူပါ။ပရိသတ်တွေအတွက်လည်းဗန်ပါစီရဲ့နောက်ဆုံးပွဲပုံရိပ်လေးတွေကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:ESPN UK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။