Britney Spears ဟာဆိုရင် သူအဖေက သူမအပေါ်ကို အတင်းချုပ်ချယ်ပြီး လိုတာထက်ပိုကာ သူမကို ချုပ်ကိုင်တယ်လို့ ရင်ဖွင့်ပြောပြခဲ့ပါတယ်။ သူမအဖေဟာ သူမကို သူမရဲ့ကျန်းမာရေးနဲ့ပတ်သတ်ပြီး အရမ်းကို ဝင်ပါကာ အပြစ်ပြောလေ့ရှိပြီး ဆေးဝါးတွေကိုလဲ သုံးစွဲဖို့အတွက် အတင်းဖိအားပေးကြောင်းကို ပြောပြခဲ့ပါတယ်။ အဖေတစ်ယောက်က ဘယ်လောက်ပဲ ကိုယ့်သမီးကိုယ် စိတ်ပူပူ ဂရုစိုက်စိုက် Britney အဖေလောက်တော့ အတင်းဖိအားမပေးသင့်ပါဘူး။ 

Britney ဟာ သူအဖေ Jamie ရဲ့ ဥပဒေအရ ၁၁နှစ်တာ ငွေရေးကြေးရေးကိစ္စတွေ ကျန်းမာရေးကိစ္စတွေနဲ့ တခြားသောကိစ္စတွေကို ချုပ်ကိုင်နေတာ အဆုံးသတ်ပြီးလို့ စောဒကတက်ပြောဆိုခဲ့ပါတယ်။ အသက် ၆၆နှစ်ရှိပြီဖြစ်တဲ့ Jamie ဟာအဲ့အုပ်ထိန်းမှုကိုတော့ ၂၀၀၈ ခုနှစ်တုန်းက Britney တစ်ယောက် အရေးပေါ်အခြေအနေနဲ့ ဆေးရုံရောက်ပြီးကတည်းက အဲ့လိုအုပ်ထိန်းဖို့အတွက် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လဲ ခုချိန်မှာတော့ သူရဲ့ အုပ်ထိန်းမှုဟာ Britney အပေါ်မှာ အရမ်းကို ချုပ်ချယ်မှုဖြစ်လာခဲ့ပါတယ်။ 

အသက် ၃၇နှစ်ရှိပြီဖြစ်တဲ့ Britney ကလဲခုချိန်မှာ အဲ့လိုအုပ်ထိန်းမှုကို ဥပဒေအရ ဖျက်ခိုင်းရန် တရားရုံမှာ ဆုံးဖြတ်ခိုင်းနေပါတယ်။ သူမရဲ့ တရားရုံးအပေါ်တောင်းဆိုမှုဟာဆိုရင်လဲ အလွယ်တကူရနိုင်ပါတယ်။ သူမအဖေဖြစ်သူ Jamie Spears အတွက်တော့ Britney ရဲ့တောင်းဆိုမှုကို ဖျက်ချဖို့အတွက် ဘာပါဝါမှ မရှိပါဘူး။ သူမရဲ့ ပရီသတ်တွေကလဲ သူမကို လွတ်မြောက်နိုင်ဖို့အတွက် လမ်းမတွေပေါ်မှာ ထွက်ပြီး ဆိုင်ဘုတ်ကိုင်ကာ လမ်းလျှောက်ခဲ့ကြပပါတယ်။ Britney တစ်ယောက်လဲ ခုလိုချုပ်ချယ်မှုတွေကနေ အမြန်ဆုံး လွတ်သင့်နေပြီလေ.......။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။