Hailey ဟာဆိုရင် အမေများနေ့တုန်းကလဲ သူမရဲ့မိဘနှစ်ပါးကို ဂုဏ်ပြုချီးကျူးခဲ့ပါသေးတယ်။ စနေနေ့တုန်းကဆိုရင်တော့ Hailey ဟာအဖေဖြစ်သူ Stephen Baldwin နဲ့အတူ နယူးယောက်မြို့ပေါ်ကို ထွက်လာခဲ့ပါတယ်။ ထွက်လာရတဲ့အကြောင်းရင်းကလဲ သူအဖေရဲ့ အသက် ၅၃နှစ်မြောက်မွေးနေ့ကို ပြုလုပ်ပေးဖို့အတွက်ပဲဖြစ်ပါတယ်။ အဖေရဲ့မွေးနေ့ကို မအားတဲ့ကြားက ပြုလုပ်ပေးခဲ့တဲ့ သမီးလိမ္မာလေးတစ်ယောက်ဖြစ်တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ 

သူ့အေဖမွေးနေ့ကို အချိန်ပေးပြီး လုပ်ပေးခဲ့သေးသလို အမေဖြစ်သူ Kennya နဲ့ အဘွားဖြစ်သူ Mary Ellen Deodato တို့နဲ့လဲ အချိန်ကို အတူတူဖြတ်သန်းခဲ့ပါသေးတယ်။ သူတို့ ၃ယောက် ရိုက်တင်ထားတဲ့ပုံကိုလဲ '3 generations ' ဆိုပြီး မျိုးဆက်၃ဆက်လို့ရေးတပ်ခဲ့ပါတယ်။ အဖေရော အမေကိုပါ သိတက်တဲ့ မိန်းကလေးတစ်ယောက်မို့ သူလဲ စိတ်ချမ်းသာလာမှာပါ။ ဘာလို့လဲဆိုတော့ ခုချိန်မှာ သူမဟာ ခတ်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနေရလို့ပဲဖြစ်ပါတယ်။  

ယောကျ်ားဖြစ်သူ Justin Bieber နဲ့တော့ သူမဟာ အတူတူရှိမနေခဲ့တာကို သိရှိခဲ့ရပါတယ်။ သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်လက်ထပ်တာကလဲ့ နယူးယောက်က တရားရုံးတစ်ခုမှာ လက်မှတ်ရေးထိုးခဲ့တာလောက်ပဲဖြစ်ပါတယ်။ ဇူလိုင်လမှာ နှစ်ယောက်က စေ့စပ်ခဲ့ကြကာ ၂၀၀၉ခုနှစ်မှာ အဖေဖြစ်သူ Stephen Baldwin ရဲ့မိတ်ဆက်ပေးချင်ကြောင့် တစ်ယောက်နဲ့တစ်ယောက် စတင်သိရှိခဲ့တာဖြစ်ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။