ပရိသတ်ကြီးရေ မင်းသမီးချောလေးတစ်ယာက်ဖြစ်တဲ့ အကယ်ဒမီခိုင်သင်းကြည်ကတော့ အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါတည်းက လှုပ်ရှားခဲ့တာဖြစ်ပါတယ်။ခိုင်သင်းကြည်ရဲ့ တစ်ခေတ်တစ်ခါတုန်းက ဗီဒီယိုဇာတ်ကားတွေဟာဆိုရင်လည်း ပရိသတ်တွေကြားရေပန်းစားပြီး အခုချိန်မှာဆိုရင်တော့ ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။

ခိုင်သင်းကြည်ရဲ့မိသားစုကလည်း တည်ငြိမ်အေးချမ်းပြီး အပြန်အလှန်နားလည်မှုတွေထားရှိထားလို့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးပါ။ခိုင်သင်းကြည်ရဲ့ တစ်ဦးတည်းသောသမီးလေး စံထိပ်ထားဦးကလည်း ဘိုဆန်ဆန် အလှလေးနဲ့ အရမ်းကိုချစ်စရာကောင်းပါတယ်။ထိပ်ထိပ်လေးကတော့ အနုပညာအလုပ်တွေကိုကြီးကြီးမားမား မလုပ်သေးပေမယ့် ကြော်ငြာလေးတွေရိုက်ကာ မေမေနဲ့အတူ ပွဲတွေကိုတော့ တက်ရောက်နေပါတယ်။

ခိုင်သင်းကြည်ကတော့ သမီးလေးတစ်ယောက်မွေးဖွားပြီး အသက်အရွယ်တစ်ခုထိရောက်လာတာတောင် ငယ်ရုပ်လေးမပျောက်သေးဘဲ လှပပျိုမျစ်နုနယ်နေဆဲဖြစ်ပါတယ်။မြန်မာဆန်ဆန်လေးဝတ်လည်း ကျက်သရေရှိစွာလှပသလို ခပ်မိုက်မိုက်စတိုင်လေးနဲ့ဆိုလည်း လူငယ်တစ်ယောက်လို လွတ်လပ်ပေါ့ပါးနေတာပါ။ပရိသတ်ကြီးလည်း ခိုင်သင်းကြည်ရဲ့ ရိုးရိုးရှင်းရှင်းအလှတရားလေးကို တွေ့မြင်ရအောင်လို့ မျှဝေပေးလိုက်ပါရစေနော်။

Source:Khine Thin Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။