နေ့စဉ်ကြားသိနေရတဲ့ ယာဉ်တိုက်မှုသတင်းတွေထဲက အများဆုံးနဲ့ လူသေဆုံမှုစံချိန်တစ်ခုတင်ထားတာကတော့ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပဲဖြစ်ပါတယ်။ လစဉ်တိုင်းမှာ အများဆုံးစံချိန်ရှိနေပြီး ယာဉ်တိုက်မှု တိမ်းမှောက်မှုနဲ့ လူသေဆုံးမှုတွေကတော့ မရေမတွက်နိုင်အောင်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့ မေလ ၁၄ ရက်နေ့မှာလည်း အဆိုပါအမြန်လမ်းမပေါ်တွင် ယာဉ်တိုက်မှုတစ်ခုထပ်မံဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။   

အဆိုပါ ယာဉ်တိမ်းမှောက်မှုကတော့ ဒီကနေ့ မနက်ပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီး နန်းထိုက်တော်ဝင် ခရီးသည်တင် Express ယာဉ်တစ်စီးဖြစ်ကြောင်း သိရပါတယ်။ ၎င်းယာဉ်တိမ်းမှောက်မှုကတော့ အမြန်လမ်း မိုင်တိုင်အမှတ် ၁၈၁/၄ ဖာလုံတွင် ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါဖြစ်ရပ်ကြောင့် ယာဉ်မောင်းနှင့်နောက်လိုက် (၁)ဦး ကားခေါင်းခန်းထဲတွင် ပိတ်မိနေကြောင်း ကနဦးသတင်းများအရ သိရပါတယ်။  

ယာဉ်တိမ်းမှောက်ရာ နေရာသို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှူး ဦးအောင်ဇော်ဌေး ဦးဆောင်၍ ပလွေးအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ သာဂရအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသွားရောက်ပြီး Hydralic စက်ပစ္စည်းများကိုအသုံးပြုကာ ပိတ်မိနေသော လူနာ(၂)ဦးအား ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားထိခိုက်သူမရှိခဲ့ပေမယ့် ကားပျက်ဆီးမှုများပြားခဲ့ကြောင်း သိရပါတယ်။ မကြာခဏဖြစ်ပွားတက်တဲ့ အဆိုပါ အမြန်လမ်းယာဉ်တိမ်းမှောက်မှုတွေထဲက ဒီကနေ့ ဖြစ်စဉ်ပုံရိပ်တွေနဲ့အတူ ယာဉ်မောင်းညီအကိုတွေသတိပြုမောင်းနှင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

Photos - အမြန်လမ်းပလွေးမီးသတ်စခန်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။