ရန်ကုန်ယူနိုက်တက်အသင်းရဲ့နည်းပြချုပ်ဖြစ်တဲ့ဦးမျိုးမင်းထွန်းကတော့မနေ့ကရန်ကုန်အသင်းနည်းပြနေရာကနေနုတ်ထွက်သွားခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းဟာဒီနှစ်ဘောလုံးရာသီမှာတော့ရလဒ်တွေဆိုးရွားနေတာဖြစ်ပြီးရလဒ်ကောင်းတွေရဖို့ကြိုးစားနေရတာဖြစ်ပါတယ်။ပရိသတ်တွေကလည်းဝေဖန်မှုတွေရှိနေတာဖြစ်တာကြောင့်ဦးမျိုးမင်းထွန်ကနုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။

ဦးမျိုးမင်းထွန်းကတော့ရန်ကုန်ယူနိုက်တက်အသင်းကိုအချိန်တော်ကြာကိုင်တွယ်ခဲ့ပြီးအောင်မြင်မှုတွေယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။မနှစ်ကလည်းအမှတ်ပေးဖလား၊ရှုံးထွက်ဖလားတွေရအောင်စွမ်းဆောင်ပေးနိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။AFC Chanpion league ပထမအဆသင့်ခြေစစ်ပြိုင်ပွဲမှာလည်းရလဒ်ကောင်းတွေရအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာမြန်မာနေရှင်နယ်လဒ်မှာရော၊AFC CUP ပြိုင်ပွဲမှာပါရလဒ်ဆိုးတွေကြုံတွေ့နေရတဲ့အသင်းဖြစ်ပါတယ်။ခုလစ်လပ်နေတဲ့နည်းပြနေရာမှာတော့ယာယီနည်းပြချုပ် အဖြစ် ဦးတင်မောင်ထွန်းအား ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ယာယီနည်းပြလက်အောက်မှာရောဘယ်လိုရလဒ်ကောင်းတွေယူဆောင်ပေးနိုင်မလဲဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

Source:Yangon United

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။