မကြာခဏဖြစ်ပေါ်နေတဲ့ ပြည်တွင်းမိုးရွာသွန်းမှုနဲ့ လေပြင်းတိုက်မှုတွေကြောင့် ပျက်ဆီးဆုံးရှုံးမှုနဲ့အတူ ပြည်သူတွေရဲ့ ဘဝအချို့ ပျက်ဆီးခဲ့ကြတာလည်းတွေ့ရပါတယ်။ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်တွင် မေ ၁၃ရက် ၅ နာရီ မိနစ် ၅၀ က ဆိုးဆိုးရွားရွား လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။   

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ လူနေအိမ် ၈၇ လုံးနှင့် စာသင်ကျောင်းဆောင်အချို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရပါတယ်။ လေပြင်းတိုက်ခတ်မှုကြောင့် ဝယ်တောင်(မ)ရွာတွင် လူနေအိမ် ၁၅ လုံး၊ စာသင်ကျောင်းဆောင် နှစ်ဆောင်၊ လှည်းခုတ်ကျေးရွာတွင် စေတီတစ်ဆူ၊ ငါးဝင်းကျေးရွာတွင်လူနေအိမ် ၂၁ လုံး၊သီးတုန်းကျေးရွာတွင် လူနေအိမ် တစ်လုံးနှင့် စာသင်ကျောင်းတစ်ခု၊ ပျဉ်းဝင်းကျေးရွာတွင် လူနေအိမ်ငါးလုံး၊ဆင်စွယ်ကျေးရွာတွင် လူနေအိမ်တစ် လုံး၊ ကျော်ရွာတွင် စာသင်ကျောင်းနှင့်အခြားအဆောက်အဦတစ်လုံး၊ လူနေအိမ် ၃၂ လုံး၊ ညောင်မ ကျေးရွာတွင်လူနေအိမ်ဆယ်လုံး၊စာသင်ဆောင်လေးဆောင်၊ဝန်ထမ်းဆောင်တစ်ဆောင်၊စုစုပေါင်းလူနေအိမ် ၈၇ လုံး၊ စာသင်ကျောင်းလေးကျောင်း၊အခြားအဆောက်အဦလေးခုတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၈၃၈၅ ၀၀၀ ဖြစ်ကြောင်း သိရပါတယ်။  

ကျေးရွာနေပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ထိခိုက်မှုပြင်းထန်ခဲ့ပြီး လက်ရှိ အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပြင်ဆင်မှုတွေကို ပြန်လည်လုပ်ဆောင်နေရကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ မေလ ၁၃ရက်နေ့ မနေ့ကဖြစ်ပွားခဲ့တဲ့ လေပြင်းတိုက်ခတ်မှုပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

source - the Mirror daily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။