မကြာခဏဖြစ်ပေါ်နေတဲ့ ပြည်တွင်းမိုးရွာသွန်းမှုနဲ့ လေပြင်းတိုက်မှုတွေကြောင့် နေအိမ်အဆောက်အဦးပျက်ဆီးမှုတွေနဲ့အတူ ပြည်သူတွေရဲ့ ကိုးကွယ်ရာဖြစ်တဲ့ ဗုဒ္ဓစေတီပုထိုးအချို့လည်း ပျက်ဆီးခဲ့ကြတာလည်းတွေ့ရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်အတွင်း မေ ၁၃ ရက် ညနေ၆နာရီက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် စေတီ၏ ထီးတော်၊စိန်ဖူးတော်မြေခခြင်း၊ ကွန်ကရစ်မီးတိုင်များ လဲကျ ပျက်စီးခြင်းနှင့်လူနေအိမ်များ သွပ်မိုးလန်၍ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။  

ဖြစ်စဉ်နဲ့ပတ်သက်ပြီး "ပုလဲမြို့နယ်အတွင်း မေ ၁၃ရက် ညနေ ၆နာရီက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် အင်ကြင်းစုကျေးရွာတွင် ဉာဏ်တော် ၂၀ ပေရှိ စေတီတစ်ဆူနှင့် ဉာဏ်တော် ၃၅ ပေရှိ စေတီတစ် ဆူ၏ ထီးတော်နှင့်စိန်ဖူးတော် မြေခခဲ့ကြောင်း " ကနဦးသတင်းများအရ သိရပါတယ်။ ဒါအပြင် ကျွန်းဘိုကုန်းကျေးရွာတွင် ကွန်ကရစ်မီးတိုင် ၂၆ တိုင်လဲကျ ပျက်စီးခြင်း၊ ဇေတီယျုံကျေးရွာတွင် ကွန်ကရစ်မီးတိုင်နတိုင် လဲကျပျက်စီးခြင်း၊ ဇောင်ဂျမ်းကုန်းကျေးရွာတွင် လူနေအိမ် လေးလုံး သွပ်မိုးလန်၍ ပျက်စီးခြင်း၊ နွယ်ရှောက်ကျေးရွာတွင် လူနေအိမ် ၁၇ လုံး သွပ်မိုးလန်၍ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် စေတီတော်နှစ်ဆူ၏ ထီးတော်နှင့်စိန်ဖူးတော် မြေခခြင်း ကွန်းကရစ်မီးတိုင် ၂၈ တိုင်နှင့်လူနေအိမ် ၂၁ လုံး ထိခိုက်ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သော်လည်းလူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှု မရှိကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးမှ သိရပါတယ်။ မနေ့က ဖြစ်ပွားခဲ့တဲ့ လေပြင်းတိုက်ခတ်မှုတွေထဲမှာ အဆိုးဆုံးဖြစ်ခဲ့တဲ့ ပုလဲမြို့နယ်အတွင်းလေပြင်းတိုက်ခတ်မှုပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

source - the Mirror daily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။