ရှေ့ရက်ပိုင်းကယှဉ်ပြိုင်ကစားသွားခဲ့ကြတဲ့မြန်မာနေရှင်နယ်လိဒ်ပွဲစဉ်တွေကတော့အကြိတ်အနယ်နဲ့ပရိသတ်အကြိုက်ပွဲတွေဖြစ်ခဲ့ရပါတယ်။အဲ့ပွဲစဉ်တွေထဲမှာမှရတနာပုံအက်ဖ်စီ ဝ-၁ စစ်ကိုင်းယူနိုက်တက် ပွဲစဉ်အပြီးမှာ စစ်ကိုင်းယူနိုက်တက်အသင်းမှ ပြည်ပ ကစားသမားနှစ်ဦးမှာ ပွဲအပြီး မန္တလေးမြို့ ကြယ်စင် ဆေးရုံသို့ တင်ပို့ ကုသမှု ခံယူခဲ့ရပါတယ်။

ပူပြင်းတဲ့ရာသီဥတုကိုအံတုရင်းမိမိအသင်းအနိုင်ရဖို့ကြိုးစားကစားခဲ့ကြတာကြောင့်ခုလိုမတော်တဆမှုတွေဖြစ်ခဲ့တာပါ။ယင်းကစားသမားနှစ်ဦးမှာ အသင်းခေါင်းဆောင် Donald Bissa နှင့် နောက်ခံလူ Soulemanou တို့ဖြစ်ပြီး ဥပုသ်ကာလဖြစ်သည့်အတွက် ဥပုသ်စောင့်ရင်း ပွဲကစားသည့် အခြေအနေတွင် ယခုကဲ့သို့ ဖြစ်သွားခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ အခြေအနေအား သိရှိရပြီးနောက် ယနေ့ပွဲစဉ်တွင် ပြိုင်ပွဲကြီးကြပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးအောင်သူမြင့်မှ ကစားသမားနှစ်ဦး၏ အခြေအနေအား ချက်ခြင်း သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ပါတယ်။

လက်ရှိတွင် Soulemanou မှာ သက်သာလာခဲ့ပြီဖြစ်ပြီး အသင်းခေါင်းဆောင် Donald Bissa မှာ ဆေးရုံတွင် ဆက်လက်ကုသမှု ခံယူရဦးမှာဖြစ်ပါတယ်။

SOURCE:Myanmar National League

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။