ဟာသဗီဒီယိုဖိုင်လေးတွေနဲ့ social media လောကမှာ နာမည်ကြီးလူကြိုက်များအောင်ဆွဲဆောင်နိုင်ခဲ့တဲ့ ဖြူဖြူထွေးဟာဆိုရင် အနုပညာအလုပ်တွေကို ဆက်လက်၍ကြိုးစားပြီး လုပ်ကိုင်နေတာဖြစ်ပါတယ်...။ အားပေးတဲ့ပရိသတ်တွေများသလို၊ ဝေဖန်ကဲ့ရဲ့ တွေသူတွေလည်းရှိခဲ့ပြီး လောကဓံကို ကောင်းကောင်းကြီးရင်ဆိုင်ခဲ့ရတာပါ..။ သူမဟာ ကြုံတွေ့သမျှ အခက်အခဲကို အရှုံမပေးဘဲ နည်းမှန်၊ လမ်းမှန်ဖြတ်သန်းလာတဲ့အတွက်ကြောင့် နေရာတစ်နေရာရရှိပြီး နာမည်တစ်လုံးနဲ့ အနုပညာလောကမှာ တင့်တယ်လှပနေတာဖြစ်ပါတယ်...။ ဖြူဖြူထွေးဟာဆိုရင် အကပါရမီပါသူလို့ ပြောရမှာဖြစ်ပြီး သရုပ်ဆောင်အနုပညာအလုပ်ကိုလည်း ဝါသနာပါ၊ စိတ်ဝင်စားသူတစ်ယောက်ပါနော်...။

ဖြူဖြူထွေးဟာ နယ်လှည့်ဖျော်ဖြေရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်လျက်ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေ၊ ပွဲလမ်းသဘင်တွေမှာလည်းသူမရဲ့ နန်းဆန်လှပသော အလှပုံရိပ်တွေကို တစ်ခဲနက် ရှုမြင်ခံစားကြရမှာပါ...။ သူမရဲ့ လုပ်ရေ၊ကိုင်ရေ နဲ့ ကြိုးစားအားထုတ်မှုတွေ ကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်ရိုက်ကူးရတဲ့အထိအောင်မြင်လာတာပါနော်..။ မိဘ အပေါ်မှာလည်း သိတက်လိမ္မာပြီး ရွှေ၊ငွေ၊ ဥစ္စာတွေကိုလည်း မမက်မောဘဲ ဘဝကို စိတ်ချမ်းသာစွာ ဖြတ်သန်းနေတာဖြစ်ပါတယ်..။ ဖြူဖြူထွေးရဲ့ tik tok ဗီဒီယိုလေးတွေဟာဆိုရင် တစ်ခါကြည့်မိတာနဲ့ အကြိမ်အခါခါ ပြန်ကြည့်ချင်မိအောင် ကောင်းလွန်းတယ်ဆိုတာ အမှန်တစ်ကယ်ပါပဲနော်...။

ဖြူဖြူထွေး ဟာပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့၊ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း မြန်မာဝတ်စုံလေးနဲ့ ဓာတ်ဖမ်းထားတဲ့ အလှပုံရိပ်လေးတွေကို "ဘဝဆိုတဲ့လှေခါးကို စတက်ပြီဆိုရင် ရိုးသားမှုဆိုတဲ့ ဖိနပ်လေး စီးတက်ဖို မမေ့နဲ့နော်" ဆိုပြီး "ဘဝခွန်အားပေးစာသားလေးနဲ့တကွ ရေးသားဖော်ပြထားတာဖြစ်ပါတယ်...။ Myanmarload ပရိသတ်ကြီးလည်း ဖြူဖြူထွေးကို အနုပညာအလုပ်တွေ အောင်အောင်မြင်မြင် ဆက်လက်လုပ်ကိုင်နိုင်အောင် ဆက်လက်အားပေးသွားပါဦးနော်...။

Source Phyu Phyu Htwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။