ပရိသတ်ကြီးရေ six pack body အမိုက်စားနဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ သရုပ်ဆောင်မော်ဒယ်လ်တစ်ဦးဖြစ်တဲ့ ထူးအောင်ကိုသိကြမယ်ထင်ပါတယ်နော်။ ချောမောခန့်ညားပြီး ယောကျာ်းပီသတဲ့ မျက်နှာထားမျိုးကို ပိုင်ဆိုင်ထားပြီး သရုပ်ဆောင် ပိုင်ဆိုင်သူလည်းဖြစ်ပါတယ်။ မော်ဒယ်တစ်ဦးအဖြစ်နဲ့ အနုပညာလောကထဲကို ဝင်ရောက်လာတာဖြစ်ပြီး သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် အချိန်တိုအတွင်းမှာပဲ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိလာတာဖြစ်ပါတယ်။

ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် အလန်းစား သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင်မာရရှိခဲ့ပါတယ်။ နောက်ထပ် ဇာတ်လမ်းတွဲတွေမှာလည်း ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော် သရုပ်ဆောင်ထားမလည်းဆိုတာတော့ သူရဲ့ ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားချင်စရာပဲဖြစ်ပါတယ်။နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ထူးအောင်ကတော့ အမြဲလို ဖက်ရှင်အမိုက်စားတွေနဲ့ စမတ်ကျ ခန့်ညားနေသူ တစ်ယောက်လည်းဖြစ်ပါတယ်။

အမိုက်စားဘော်ဒီနဲ့ ယောကျာ်းပီသတဲ့ ခပ်ချောချောမျက်နှာလေးကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော်တစ်ဦး ဆိုလည်းမမှားပါဘူးနော်။လတ်တလောမှာတော့ Vaseline ပွဲကိုတက်ရောက်ခဲ့တဲ့ ဖက်ရှင် အမိုက်စားနဲ့ အမှတ်တရ ပုံရိပ်လေးတွေကိုသူရဲ့ ဖေ့ဘွတ်အကောင့်မှာ ဖော်ပြထားတာတွေ့ရတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Source: Htoo Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။