လတ်တလော လူငယ်ပရိသတ်တွေကြားမှာ အထူးစိတ်ဝင်စားခြင်းခံနေရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ " ဧည့်သည် " အမည်ရှိ ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးပုံဖော်ပြီး သရုပ်ဆောင် ရွှေထူး၊ ဖြိုးငွေစိုး၊ ရွှေမှုန်ရတီနဲ့ နေခြည်ဦးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ လာမယ့် မေလ (၃၀) ရက်နေ့မှာ ရုံတင်ပြသမယ့် ဒီဇာတ်ကားကြီးက ပရိသတ်တွေကြားမှာ အတော်လေးကို ရေပန်းစားနေတာ ဖြစ်ပါတယ်။

အထူးသဖြင့် လူငယ်ပရိသတ်တွေကြားမှာ နာမည်ကြီးနေတဲ့ "ဧည့်သည်" ဇာတ်ကားလေးက အချစ်နဲ့ထိတွေ့ခံစားဖူးသူတိုင်း ရင်နဲ့ထပ်တူခံစားစေမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ အချစ်ဆိုတာ လူသားတိုင်းကို ပျော်ရွှင်အေးချမ်းစေနိုင်သလို တစ်ခါတစ်ရံမှာလည်း ပူလောင်မှုတွေ ပေးလေ့ရှိတာကတော့ ဓမ္မတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာလည်း ရင်ခွင်တံခါးကိုခေါက် နှလုံးသားပေါ်ဖြတ်လျှောက်သွားတဲ့ ဧည့်သည်တွေကို ရင်ကွဲခံရင်နာခံပြီးချစ်ခဲ့ကြတဲ့သူတွေကို ပရိသတ်ကြီးက မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

လူငယ်တွေ တော်တော်များများကြားမှာ ဖြစ်ပျက်ကြုံတွေ့နေကျ အချစ်ဇာတ်လမ်းမျိုးတွေနဲ့ တိုက်ဆိုင်နေတာကြောင့်ရော ကဗျာဆန်ဆန် စကားလုံးလေးတွေနဲ့ Caption အရေးအသားများတွေကြောင့်ပါ ဒီဇာတ်ကားလေးက ရုံမတင်ခင်ကတည်းက အရမ်းကို ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်တွေပါဝင်ထားတဲ့ စိတ်ဝင်စားစရာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ရင်ဘတ်ကြီးနဲ့ ခံစားကြည့်ရှုနိုင်ဖို့အတွက် "ဧည့်သည်" ရုပ်ရှင်ဇာတ်ကားကြီးကို မဖြစ်မနေ သွားရောက်ကြည့်ရှုကြဖို့ တိုက်တွန်းပေးလိုက်ပါတယ်နော်။

Source:ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီး;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။