ချစ်ပရိတ်သတ်ကြီးရေ....အရမ်းကိုချစ်ဖို့ကောင်းပြီးတော့ အနုပညာအလုပ်တွေကိုလည်း ကြိုးကြိုးစားစားလေးလုပ်နေတဲ့ သရုပ်ဆောင်မော်ဒယ်မလေး မေပန်းချီဆိုတာ အားလုံးရဲ့အသည်းကျော်လေးပါနော်။ သူမဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး အနုပညာလမ်းကြောင်းပေါ်မှာမှန်မှန်လေးနဲ့ မဆုပ်မနစ်ကြိုးစားလျှောက်လှမ်းနေတာကြောင့် ပရိတ်သတ်တွေရဲ့အသိအမှတ်ပြုအားပေးခြင်းကိုခံနေခဲ့ရပါတယ်နော်။

သူမဟာ အနုပညာအလုပ်တွေကိုလည်း ကြိုးစားသလို သူမရဲ့ မိသားစုအတွက်လည်းအချိန်ပေးနိုင်အောင် အမြဲတမ်းကြိုးစားနေခဲ့ပါတယ်နော်။ သူမဟာ ဒီတစ်ခါမှာလည်း အမေ့ရဲ့မွေးနေ့ကို သူမရဲ့ အနုပညာအရည်အချင်းတွေနဲ့ ကြိုးကြိုးစားစား ရိုးရိုးသားသားလေးရှာထားတဲ့ပိုက်ဆံတွေနဲ့ surpriseလုပ်ပြီး လက်ဆောင်လေးတွေဝယ်ပေးခဲ့ပါတယ်နော်။

ဒါ့အပြင်သူမဟာ သူမအရမ်းချစ်ရဲ့မေအေ့ကို မွေးနေ့အတွက် အခြားလက်ဆောင်တစ်ခုအနေနဲ့ မြန်မာနိုင်ငံရဲ့တန်ခိုးကြီးဘုရားတွေကို လိုက်ပို့ပေးခဲ့ပါတယ်နော်။ ပထမဆုံးအနေနဲ့ ရွှေတိဂုံကိုသွားခဲ့ပြီးတော့ ကျိုက်ထိုဘက်ကို နေ့ဝက်နဲ့အရောက်သွားကာ ကျိုက်ထီးရိုးဘုရားကိုလိုက်ပို့ပေးခဲ့ပါတယ်နော်။ကျိုက်ထီးရိုးကနေတစ်ဆင့်လည်း မော်လမြိုင် မုဒုံဘက်မှာဘုရားတွေသွားဖူးကြအုံးမယ်လို့လည်း ပရိတ်သတ်တွေကိုပြောပြခဲ့ပါသေးတယ်။ကဲ... ကျိုက်ထီးရောက်တုန်းအမှတ်တရ လွှင်ခဲ့တဲ့ ဘေဘီရဲ့ Live Videoလေးကို ချစ်ပရိတ်သတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Baby Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။