ချဲလ်စီးအသင်းနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ထက်မှာ ရေပန်းစားနေတာက ချဲလ်စီးကစားသမား ဟာဇာတ်ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ရီးရဲအသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေထွက်ပေါ်နေခဲ့သလို ချဲလ်စီးနည်းပြဆာရီဟာလဲ အသင်းကထွက်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ 

ချဲလ်ဆီးအသင်းဟာ အခုနှစ် ဘောလုံးရာသီမှာ ရလဒ်ဆိုးရွားမှုတချို့ ကြုံခဲ့ရပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ နိုင်ပွဲပြန်ရခဲ့တာကြောင့် အဆင့်သုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရခဲ့ပါတယ်။အသင်းက ရည်မှန်းထားတဲ့အတိုင်း ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် လာမယ့်ရာသီ ဆက်ရှိမလားဆိုတာ မသေချာသေးဘူးလို့ ဆာရီက ဆိုပါတယ်။

ဒါပေမယ့် အင်္ဂလိပ် ဘောလုံးလောကကိုတော့ ချစ်ခင်နှစ်သက်ပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံးလိဂ်ပြိုင်ပွဲ ဖြစ်တာကြောင့် အသင်းမှာ ဆက်ရှိလိုတယ်လို့ ဆာရီက ဆိုပါတယ်။ခက်ခဲတဲ့ရာသီတခုကို ဖြတ်သန်းခဲ့ရပေမယ့် အဆင့်သုံးမှာ ရပ်တည်နိုင်ခဲ့သလို လိဂ်ရှုံးထွက်ဖလားနဲ့ ယူရိုပါလိဂ်ဖလား ဗိုလ်လုပွဲတွေကို ရောက်ခဲ့တာတွေက ကျေနပ်စရာ အောင်မြင်မှုဖြစ်တယ်လို့ ဆာရီက ပြောပါတယ်။

source: dvb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။