မြန်မာတင်မဟုတ် ကမ္ဘာကပါသိတယ် တောင်ကိုရီးယားနိုင်ငံရဲ့ နေထိုင်မှုပုံစံနဲ့ ကိုးကွယ်မှုတွေကို အားလုံးလည်းသိကြမယ်ထင်ပါတယ်။ နိုင်ငံတကာက လေးစားအားကျရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သလို ပြည်တွင်း မိန်းကလေးများစွာရဲ့ အချစ်တော်လေးတွေရှိရာ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံကတော့ ခရစ်ယာန်ဘာသာကိုးကွယ်မှုကို အဓိကထားလျှက်ရှိပေမယ့်လည်း အခြားအခြားသော ဘာသာတွေကိုလည်းလွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားတာတွေ့ရပါတယ်။  

ဗုဒ္ဓဘာသာကိုးကွယ်မှုများစွာရှိတဲ့ ကိုရီးယားနိုင်ငံမှာ နှစ်စဉ်ဗုဒ္ဓဘာသာပွဲတော်တွေကို စည်စည်ကားကားပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ မကြာသေးမီကလည်း ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ဗုဒ္ဓပွဲတော်တစ်ခုကို စည်စည်ကားကားပြုလုပ်ကျင်းပခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ပွဲတော်မှာ တောင်ကိုရီးယားနိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေနဲ့အတူ မြန်မာနှင့်အခြားအခြားသောနိုင်ငံတွေမှ ဗုဒ္ဓဘာသာဝင်တွေများစွာတက်ရောက်ခဲ့ကြပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ အသိအမှတ်ပြု ကိုးကွယ်မှုတစ်ခုဖြစ်တဲ့ ဗုဒ္ဓဘာသာပွဲတော်ဗီဒီယိုဖိုင်အချို့ကို မျှဝေပေးလိုက်ပါတယ်။

VIDE0 - OKE EOK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။