ပရိသတ်တွေအားကျချစ်ခင်ရပြီး သာယာပျော်ရွှင်တဲ့အချစ်ရေးလေးကိုပိုင်ဆိုင်ထားတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးတွေထဲမှာ မင်းသားချောလေးကောင်းပြည့်နဲ့ မင်းသမီးချောလေးသန္တာဗိုလ်တို့ စုံတွဲလေးကတော့ မပါမဖြစ်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အချစ်တော်စုံတွဲလေးဖြစ်တဲ့ ကောင်းပြည့်နဲ့သန္တာဗိုလ်တို့ကတော့ အနပညာလောကမှာနာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်သူတွေပဲဖြစ်ကြပါတယ်။ 

သူတို့အတွဲလေးကတော့ ကြာလေကြာလေ အားကျစရာကောင်းလေပါပဲ ။ ချစ်သက်တမ်းရှည်လာတာနဲ့အမျှ နားလည်မှုတွေအပြည့်နဲ့ ပိုပိုချစ်လာကြသလို အချင်းချင်း ဂရုစိုက်ကြင်နာကြတာကိုလည်း သူတို့ကို ဂရုစိုက်တဲ့ သူတို့ပရိတ်သတ်တွေအသိဆုံးပါပဲ ။ သူတို့အတွဲလေးဟာ ချစ်သူသက်တမ်းခြောက်နှစ်ကျော်သို့ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ လူတိုင်းအားကျရလောက်အောင် တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး ဂရုတစိုက်ရှိကြတဲ့အတွဲလေးလည်း ဖြစ်ပါတယ်။ 

လတ်တလောမှာ သန္တာဗိုလ်ဟာ နေမကောင်းတာကြောင့် ဆေးရုံမှာဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။ သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာလည်း “ နေတော့ပြန်ကောင်းလာပါပြီ

အရင်လိုအလုပ်လေးလုပ်လိုက် သူငယ်ချင်းတွေနဲ့ပျော်လိုက်နဲ့နေ့လေးကို အမြန်ဆုံးပြန်ရောက်ချင်ပါပြီ

၁၆ ရက်နေ့ Ko Min Thet Saen fashion show ကိုလဲလျှောက်နိုင်အောင်ကြိုးစားနေပါတယ် show မလျှောက်တာလဲကြာ အလုပ်မလုပ်တာလဲကြာပြီမို့ ပွဲမှာလဲလူစုံမှာလေ သူငယ်ချင်းတွေရောပေါ့အခုတော့ဆေးရုံမှာပါပဲ....စိတ်ပူပြီး သတင်းမေးကျတဲ့ အသိမိတ်ဆွေ သူငယ်ချင်းအားလုံးကိုကျေးဇူးအထူးပါ ” သူမရဲ့အခြေနေလေးကို ပရိသတ်တွေသိရှိနိုင်အောင် ဝေမျှထားတာပါ။ အနုပညာအသိုင်းဝိုင်းကသူမရဲ့သူငယ်ချင်းများကလည်း မြန်မြန်နေကောင်းအောင်ဆုတောင်းပေးထားကြတာလည်း ဖြစ်ပါတယ်။ သူမရဲ့ချစ်သူကောင်းပြည့်ဟာလည်း ချစ်သူနားကနေတစ်ဖဝါးမှမခွာဘဲ အနီးကပ်ပြုစုစောင့်ရှောက်နေတာဟာလည်း မြင်ရသူတိုင်းကိုကြည်နူးစေမှာပါ။ ပရိသတ်ကြီးရော သူတို့အတွဲလေးကိုအားမကျကြဘူးလား.......

Photo - Thandar Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။